နေပြည်တော်၊ စက်တင်ဘာ ၁၈
စက်တင်ဘာ ၁၆ ရက်က အမှတ်(၂)မူးယစ်တပ်ဖွဲ့စု မြစ်ကြီးနား မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းရွာဟောင်းနေ ဇော်ဝင်း (ခ) သားဇော် ဆိုသူ၏ နေအိမ်အား ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၂၆ ခွက်၊ ဘိန်းဖြူ အလေးချိန် ၃၃ဝ ဂရမ်၊ ပင်နီဆီလင်ပုလင်းဖြင့် ထည့်လျက် ဘိန်းဖြူ ဝ ဒဿမ ၉ ဂရမ်၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၃၃ဝ ဒဿမ ၉ ဂရမ် သိမ်းဆည်းရမိသဖြင့် ဇော်ဝင်း (ခ) သားဇော် (၂၄ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။
တရားခံ ဇော်ဝင်း (ခ) သားဇော် အား ဖမ်းဆီးရမိ ဘိန်းဖြူဆပ်ပြာခွက်များနှင့်အတူ တွေ့ရစဉ်

0 comments:
Post a Comment