Tuesday, September 23, 2014

အခက်အခဲကာလအပြီးမှာ အားပေးတဲ့ လန်ဒန်ပရိသတ်ကို ကျေးဇူးတင်တဲ့ အစ်ဂီအဇယ်လီယာ


သြစတြေးလျအဆို တော် အစ်ဂီအဇယ်လီယာက လန်ဒန်မြို့ ဖျော်ဖြေပွဲ၌ ၎င်းကို ချစ်ခင်အားပေးသော ပရိသတ် များအပေါ် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အလွန်ခက်ခဲ ကြမ်းတမ်းသည့် သီတင်းတစ် ပတ်ပြီးနောက် အားပေးခဲ့သော ပရိသတ်များအား ကျေးဇူးတင် စကား ပြောကြားခဲ့သည်။အစ်ဂီအဇယ်လီယာနှင့် ၎င်း ၏ ရည်းစားဟောင်း ဂျီဖီဝိုင်တို့ ချစ်ရည်လူးနေသည့် ဗီဒီယိုမှတ် တမ်းကို အပြာရုပ်ရှင်ဖြန့်ချိသူများ က ရရှိထားသည်ဟူသော မ ကောင်းသတင်း ပျံ့နှံ့နေချိန်တွင် အစ်ဂီက လန်ဒန်မြို့၌ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစ်ဂီအဇယ်လီယာက ယင်းဗီဒီယိုမျိုးမရှိဟု ငြင်းထားပြီး ရည်းစားဟောင်းကို ကွန်ပျူတာ မှ ဖိုင်များနှင့် ဗီဒီယိုများ ခိုးယူမှု ဖြင့် တရားစွဲထားသည်။
အစ်ဂီက ၎င်းအခက်အခဲဖြစ် နေချိန်တွင် ဆက်လက်အားပေး ဆဲဖြစ်သည့် လန်ဒန်မြို့ ပရိသတ် များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အစ်ဂီ၏ လန်ဒန်မြို့ဖျော် ဖြေပွဲ၌ ဗြိတိန်အဆိုတော် ရီတာ အော်ရာကလည်း Black Widow သီချင်းဖြင့် ပါဝင်ဖျော်ဖြေပေးခဲ့ သည်။အဆိုတော် ဂျနီဖာလိုပက်ဇ် နှင့် အစ်ဂီအဇယ်လီယာတို့ ပူးတွဲ သီဆိုထားသော Booty တေးဂီတ ဗီဒီယိုသည် ထွက်ရှိပြီး ၄၈ နာရီ အတွင်း ကြည့်ရှုသူ ၂၅ သန်း ကျော် ရရှိထားသည်ဟုသိရသည်။
—Ref: AAP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...