Tuesday, September 23, 2014

ရှာဖွေရေးလုပ်ငန်းများ ရာသီဥတုအနေအထားကြောင့် အချိန်ကြန့်ကြာနိုင်


နေပြည်တော် စက်တင်ဘာ ၂၂

ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးအား ကယ်ဆယ်ရှာဖွေရေးအစီအစဉ်များရေးဆွဲကာ အပူတပြင်း ရှာဖွေလျက်ရှိသည်။ ခါကာဘိုရာဇီတောင်ထိပ်၊ Base Camp ၊ တဟွန်ဒမ်း၊ ပန်နန်းဒင်သို့ သွားရောက်၍ စက်တင်ဘာ ၂၁ ရက်တွင် B3 ရဟတ်ယာဉ်နှစ်စင်း၊ ထိုင်း Advance Aviation မှ MI 17 ရဟတ်ယာဉ်၊ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၂ ရက်ထိ ရှာဖွေရေး ပြုလုပ်ရာတွင် ခါကာဘိုရာဇီတောင်အနီး ပတ်ဝန်းကျင်၏ ရာသီဥတု အခြေအနေမှာ တိမ်များထူထပ်ခြင်း၊ မြူများအုံ့ဆိုင်းနေခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် မြင်နိုင်စွမ်း ကျဆင်းလျက်ရှိရာ ရဟတ်ယာဉ်များဖြင့် သွားရောက်ရန် အခက်အခဲများစွာရှိကြောင်း၊ သို့သော် မြေပြင် ကယ်ဆယ်ရေး တောင်တက် အဖွဲ့သည် ယနေ့ည ချောင်းဆုံတွင် ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂၃ ရက်တွင် ခါကာဘိုရာဇီတောင် Base Camp ၏ အမြင့်ပေ ၁၃၂ဝဝ သို့ ရောက်ရှိမည်ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

ခင်ဇာလီ(ကြေးမုံ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...