Saturday, October 18, 2014

ကိုကင်းမူးယစ်ဆေးသုံးစွဲမှုကြောင့် အမေရိကန်ဒုသမ္မတ၏သားကို ရေတပ်မှအလုပ်ထုတ်ပစ်


 

အမေရိကန်ဒုတိယသမ္မတ ဂျိုး ဘီဒင်၏သားအား အမေရိကန်ရေ တပ် သီးသန့်တပ်ဖွဲ့မှ ယခုနှစ်တွင် အလုပ်မှထုတ်ပယ်ခဲ့သည်။

၎င်းအား စစ်ဆေးခဲ့ရာ ကိုကင်းသုံးစွဲထား ကြောင်း တွေ့ရှိခဲ့၍ဖြစ်ကြောင်း အမေ ရိကန် အရာရှိတစ်ဦးက AFP ကို ပြောကြားခဲ့သည်။

ဟန်တာဘီဒင် ၄၄ နှစ်မှာ ၂ဝ၁၂ ခုနှစ်မှစ၍ သီးသန့်တပ်ဖွဲ့အရာရှိ ဖြစ်ခဲ့သည်။ သို့ရာတွင် လွန်ခဲ့သော နှစ်က မူးယစ်ဆေးဝါးစစ်ဆေးရာတွင် ကျရှုံးခဲ့ကြောင်း ဤကိစ္စနှင့်ပတ်သက် သည့် အရာရှိတစ်ဦးက ပြောခဲ့သည်။

ကြေညာချက်တစ်ခု၌ ဖော်ပြ ရာတွင် ဒုတိယသမ္မတ၏ သားအငယ် မှာ အထုတ်ခံရသည်ကို ဝန်ခံပြော ကြားခဲ့ကြောင်းနှင့် ဤကိစ္စအပေါ် ယူကျုံးမရဖြစ်ရကြောင်း ဖော်ပြခဲ့သည်။

''အမေရိကန်ရေတပ်မှာ တာဝန် ထမ်းဆောင်ခွင့်ရတာဟာ ကျွန်တော့် ဘဝအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ယခုကျွန်တော် အလွန်တရာယူကျုံး မရ ဖြစ်မိပါတယ်။ ကျွန်တော့်ကို ထုတ်ပယ်တဲ့အထိ လုပ်ဆောင်မိတာ ကို ရှက်မိပါတယ်''ဟု 4င်း၏ ရှေ့နေ မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေ ညာချက်၌ ဖော်ပြခဲ့သည်။

ရေတပ်ရဲ့ဆုံးဖြတ်ချက်ကို ကျွန် တော်လေးစားပါတယ်။ ကျွန်တော့် မိသားစုရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျွန်တော့် ဘဝကို ရှေ့ဆက်သွားပါမယ်ဟု ၄င်း က ထပ်လောင်းဆိုခဲ့သည်။

ဤကိစ္စ နှင့်ပတ်သက်၍ ဒုတိယသမ္မတရုံးမှ လူသိရှင်ကြား ထုတ်ပြန်မှုမရှိခဲ့ဟု ဆိုသည်။

ဟန်တာဘီဒင်မှာ ဤရာထူးကို ဝင်ရောက်ပြီး လက်ရွေးစင်အဖြစ် ၂ဝ၁၂ ခုနှစ်တွင် စတင်ခဲ့သည်။ နော် ဖို့ခ်၌ တပ်ဖွဲ့တစ်ခုတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ဗာဂျီးနီးယား၌ လူထု ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

၎င်းအား ၂ဝ၁၄ ခုနှစ်ဖေ ဖော်ဝါရီလတွင် ရေတပ်မှထုတ်ပယ် ခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။ ၄င်း၏ အမှုနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန် မည်မဟုတ်ကြောင်း၊ ပုဂ္ဂလိကဥပဒေ အရဖြစ်ကြောင်း ရေတပ်တပ်မှူး ခဂိုင်ယန်ပါရေးက ဆိုသည်။

ဒုတိယသမ္မတ ဂျိုးဘီဒင်၏ အခြားသား ဘေယူဘီဒင်မှာ ဒီလထဲ ၌ ရှေ့နေချုပ်ဖြစ်ပြီး ပြည်နယ်အုပ်ချုပ် ရေးမှူး အမည်စာရင်းတင်သွင်းခံထား ရသည်ဟု သိရသည်။

Ref: AFP

ဝါရှင်တန်၊ အောက်တိုဘာ ၁၇
Democracytoday

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...