ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ် လျှောက်ရှိ တိုးဂိတ်များတွင် နိုင်ငံ တကာရှိ တိုးဂိတ်များကဲ့သို့ အဆင့် မြင့်သည့် အီလက်ထရွန်နစ်ငွေကြေး ကောက်ခံမှုစနစ် (Electronic Toll Collection )အား တပ်ဆင်အသုံး ပြုတော့မည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်း ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင် ထိမ်းသိန်းရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ''အခုပြောင်းလဲအသုံး ပြုတော့မယ့် Electronic Toll Collection စနစ်ကို နိုင်ငံတကာမှ သုံးနေပြီ။ ဒီမှာတော့ အမြန်လမ်းမှာ ဒီစနစ်ကို စပြီးအသုံးပြုမှာပါ။ ဒီစနစ် မှ အသုံးပြုပုံနည်းအမျိုးမျိုးရှိပါ တယ်။ ဒီစနစ်ကို တပ်ဆင် အသုံးပြု ဖို့အတွက် ကုမ္ပဏီတွေကို အဆိုပြုလွှာ ခေါ်ထားပါတယ်။ ဒါကြောင့် ဘယ် လိုနည်းပုံစံနဲ့ တပ်ဆင်မယ်သုံးစွဲမယ် ဆိုတာ အဆိုပြုလွှာတင်မယ့် ကုမ္ပဏီ တွေရဲ့ နည်းပညာပေါ် မူတည်ပါ တယ်''ဟု ပြောသည်။
ယခုအခါ ရန်ကုန်-မန္တလေး အ မြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှယင်းစနစ် (Electronic Toll Collection) ကိုတပ်ဆင်ရန်အဆို ပြုလွှာခေါ်ယူထားပြီး ပြည်တွင်း ပြည်ပကုမ္ပဏီတိုင်း အဆိုပြုလွှာ တင်နိုင်ကြောင်း ကြေညာထား ကြောင်း သိရသည်။
''အဓိကကတော့ နည်းပညာ ပေါ့။ အဆိုပြုတဲ့ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုနည်းပညာကိုသုံးမလဲပေါ့။ အတွေ့အကြုံရှိပြီး အဆင့်မြင့်တဲ့ နည်းပညာကိုသုံးပြီး ပြည်သူတွေ အဆင်ပြေနိုင်မယ့်စနစ်ကို လုပ်မယ့် ကုမ္ပဏီကိုပဲ ရွေးချယ်မှာပါ''ဟု အထက်ပါ တာဝန်ရှိသူက ဆက် လက်ပြောကြားသည်။
Electronic Toll Collection စနစ်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးရှိ တိုးဂိတ်များတွင် စက်တင် ဘာလနောက်ဆုံးထားတပ်ဆင်အသုံး ပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ယခု ရန်ကုန်-မန္တလေး အမြန် လမ်းရှိ တိုးဂိတ်များတွင် ပြောင်းလဲ အသုံးပြုတော့မည့် အီလက်ထရွန်း နစ် ငွေကြေးကောက်ခံမှုစနစ် ( Electronic Toll Collection )တွင် နိုင်ငံအများစု အသုံးပြုသည့်နည်း များမှာ ယာဉ်ပိုင်ရှင်များ အနေဖြင့် စမတ်ကတ်ပြုလုပ်ပြီး သုံးစွဲခြင်းနှင့်ဘဏ်တွင် ငွေနှင့်သက်ဆိုင်ရာအချက် အလက်များထည့်ပြီး တိုးဂိတ်တွင် ယာဉ်ဖြတ်သန်းသွားသည့်အခါတွင် အလိုအလျောက်ပေးချေသည့်စနစ် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ တာဝန်ရှိသူမှ ဆက် လက်၍ ''အမြန်လမ်း တစ်လျှောက် တိုးဂိတ်ကြီးခြောက်ခု၊ မီနီတိုးဂိတ် ၁၁ခုရှိတယ်။ ဒီစနစ်ကို တိုးဂိတ်တိုင်း မှာ အသုံးပြုမှာလား မပြုဘူးလားဆို တာတော့ အဆိုပြုထားတဲ့ ကုမ္ပဏီ တွေရဲ့ အဆိုပြုချက်အပေါ်မူတည် ပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ယခုလက်ရှိ အချိန်ထိ လမ်းတံတားမြို့များရှိ တိုး ဂိတ်များ၌ သက်ဆိုင်ရာ အသုံးပြုခ ကောက်ခံခြင်းအတွက် ချလံသွင်းပြေ စာပေးခြင်း စနစ်ဖြင့်လုပ်ကိုင်လျက် ရှိပြီး ရန်ကုန် -မန္တလေးအမြန်လမ်း တစ်လျှောက်ရှိ တိုးဂိတ်များတွင် လည်း ယင်းစနစ်ကိုပင် လက်ရှိအချိန် တွင်သုံးစွဲနေကြောင်းသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅
YM
Democracytoday
0 comments:
Post a Comment