Wednesday, October 22, 2014

စွပ်စွဲဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦး၏ မိဘများ ဘန်ကောက်ရောက်ပြီ






ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့
ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးရဲ မိဘအုပ်ထိန်းသူတွေ ဒီနေ့ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရှိခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ ချုပ်နှောင်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး အာမခံရရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ပေးအပ်ထားတဲ့ ကိုယ်စားလှယ်အဖွဲ့က ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒီအဖွဲ့မှာ ပါဝင်တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို မနေ့က ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

Wednesday, October 22, 2014
မြန်မာ့သားကောင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...