
လုပ် ငန်းခွင်အတွင်း အလုပ်သမားတစ် ဦးထိခိုက် သေဆုံးဒဏ်ရာရရှိပါက ပေးလျော်ရမည့် သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားသည့် အလုပ်သမားလျော် ကြေးအက်ဥပဒေသည် ခေတ်ကာ လနှင့် လျော်ညီခြင်းမရှိတော့သဖြင့် အဆိုပါ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ အလုပ်သမားလျော် ကြေးအက်ဥပဒေကို ၁၉၂၄ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကို ၂ဝဝ၅ခုနှစ်တွင် အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ် သည်။
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဒေါ်ဝင်းမော်ထွန်းက''ယခုအခါ မှာ အလုပ်သမား လျော်ကြေးအက် ဥပဒေသည် ခေတ်ကာလနှင့်ကိုက်ညီ မှုမရှိတော့ပါသဖြင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနမှ အသစ်ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်လျက် ရှိပါတယ်။ ရေးဆွဲပြီးစီးတဲ့ အပိုင်းကိုရောက်နေပါပြီ။ မကြာခင် နိုင်ငံတော်အစိုးရကိုတင်ပြပြီး လွှတ် တော်ကို တင်ပြမှာဖြစ်ပါတယ်''ဟု ပြောသည်။
အောက်တိုဘာ ၁၄ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၏ အလုပ်သမား လျော်ကြေးအက်ဥပဒေသည် လက်ရှိ ခေတ်စနစ်ဖြင့် လျော်ညီမှုရှိပါသလား ခေတ်စနစ်နှင့် လျော်ညီမှုမရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း ၍ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။
၂ဝဝ၅ခုနှစ်တွင် ပြင်ဆင်ရေးဆွဲ ခဲ့သည့် အလုပ်သမားလျော်ကြေးအက် ဥပဒေတွင် အလုပ်သမားတစ်ဦးထိခိုက် သေဆုံးလျှင် အလုပ်သမားလျော်ကြေး အက်ဥပဒေအရ လျော်ကြေးငွေကျပ် တစ်သိန်းငါးသောင်း အများဆုံးမှာ ငွေကျပ်လေးသိန်းငါးသောင်း သတ် မှတ်ထားကာ အဆိုပါဥပဒေအရ အ လုပ်သမားတစ်ဦးသည် အမြဲတမ်းမ သန်မစွမ်းဖြင့်လျှင်သော်လည်းကောင်း တစ်စုံတစ်ရာ မသန်စွမ်းဖြစ်လျှင် သော်လည်းကောင်း အနည်းဆုံးငွေ ကျပ် နှစ်သိန်းကျပ်နှင့် အများဆုံး ငွေကျပ်ခြောက်သိန်းကျပ် သတ်မှတ် ထားကြောင်း သိရသည်။
အဆိုပါ ဥပဒေပါလျော်ကြေး နှင့် ပတ်သက်၍ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ''ယခုခေတ်တွင် နစ်နာသူအလုပ် သမားများအတွက် လျော်ကြေးငွေ နည်းပါးနေကြောင်း လေ့လာတွေ့ ရှိရပါတယ်''ဟု လွှတ်တော်အတွင်း ပြောကြားသည်။
ယင်းသို့ ပြောဆိုချက်အပေါ် ဒုတိယဝန်ကြီးက ယင်းလျော်ကြေး သည် ထိုအချိန်က ၂ဝဝ၅ခုနှစ်က အလုပ်သမား တစ်ဦးအနည်းဆုံးရရှိ သည့် လုပ်ခ လစာတစ်သောင်းနှစ် ထောင့်ငါးရာပေါ် အခြေခံတွက်ချက် ထည့်သွင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အလုပ်သမားလျော် ကြေး အက်ဥပဒေကို အသစ်ပြန်လည် ရေးဆွဲပြီးပါက ခေတ်ကာလနှင့် လျော်ညီသည့် အလုပ်သမားထိခိုက် သေဆုံးလျော်ကြေးငွေကို ရရှိဖွယ်ရှိ ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅
YM, MP
Democracytoday
0 comments:
Post a Comment