
မော်လမြိုင်၊ အောက်တိုဘာ ၁၄
မြန် မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မိုးလေဝသနှင့်ဇလဗေ ဒဆိုင်ရာများ၊ ရေကြီးရေလွှမ်းမှုများ မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သောအ ချက်အလက်များ ရရှိရေးအတွက် ဂျ ပန်နိုင်ငံမှ ADB Consultants အ ဖွဲ့သည် အောက်တိုဘာ ၁၃ရက်နံ နက် ၁၁နာရီတွင် မွန်ပြည်နယ်အစိုး ရအဖွဲ့ရုံးသို့လာရောက်၍ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
ထိုတွေ့ဆုံပွဲတွင် ဂျပန်နိုင်ငံ ADB Consultants မှ Team Leader Mr. Hisaya Sa Wa No(Pro.E .Jp) မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာကိစ္စများတွင် လိုအပ် သောအကူအညီများ ဆောင်ရွက်ပေး နိုင်ရေးအတွက် မိမိတို့အဖွဲ့က လာ ရောက်ခြင်းဖြစ်ပါကြောင်း၊ မြစ်ရေ ကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ကမ်းပြိုခြင်း၊ ရေလွှမ်းမိုးခြင်းစသည့် ကိစ္စများအတွက် ဆောင်ရွက်ရန်အ ချက်အလက်များ ရရှိရန်လိုအပ်ပါ ကြောင်း၊ ယခုစီမံချက်ကို ၂ဝ၁၆ခု နှစ်တွင် အပြီးဆောင်ရွက်ရန်လျာ ထားပါကြောင်း၊ မိုးလေဝသနှင့်ဇလ ဗေဒဆိုင်ရာများတွင် မြို့ပေါ်နေပြည် သူများနှင့် ဝန်ထမ်းများအားသင်တန်း ပေးမှု အစီအစဉ်လည်းပါဝင်ကြောင်း ရှင်းလင်းပြောကြားပြီး ရေကြီးနစ်မြုပ် မှုကြောင့် စပါးနှင့်စိုက်ပျိုးသီးနှံများ ပျက်စီးမှုနည်းပါးစေရေး၊ ဒေသဆိုင် ရာမူဝါဒစီမံကိန်းများ အချိန်နှင့်တစ် ပြေးညီဆောင်ရွက်နိုင်ရေး စသည့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်မွန်ပြည်နယ်မှ တာ ဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
AHO
Democracytoday
0 comments:
Post a Comment