Saturday, October 18, 2014

မြန်မာယူ-၁၉အောင်ပွဲက ပြည်ပခရီးထွက်နေသော သမ္မတအတွက် အကောင်းဆုံးအားဆေးတစ်ခွက်ဖြစ်သွားစေခဲ့ဟု ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်ပြော





ဆီ မီးဖိုင်နယ်အဆင့်တက်သွားသည် သာမက နယူးဇီလန်တွင်ကျင်းပမည့် ကမ္ဘာ့ဖလားလူငယ်ဘောလုံးပြိုင်ပွဲ သို့ တိုက်ရိုက်ကစားခွင့်ပါရသွားသည့် မြန်မာယူ-၁၉အသင်း၏ အောင် ပွဲသည် သမ္မတဦးသိန်းစိန်အတွက် အကောင်းဆုံးအားဆေးတစ်ခွက် ဖြစ်သွားခဲ့ကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်က''ဒီနေ့ အောက်တိုဘာ ၁၇ရက် မနက် ၈ နာရီခွဲမှာ ဖင်လန်နိုင်ငံဝန်ကြီးချုပ် နဲ့တွေ့ပါတယ်။ ပြီးတော့ ဆွီဒင်ဝန် ကြီးချုပ်နဲ့ ဆက်တွေ့ပါတယ်။ တွေ့ဆုံ ပွဲတွေပြီးတာနဲ့ အာရှ-ဥရောပဆွေး နွေးပွဲ ဒုတိယနေ့အစီအစဉ်များနဲ့ ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားများ ကို ဆက်လက်တက်ရောက်ဆွေးနွေး ပါတယ်။

နေ့လယ်တစ်နာရီမှာတော့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးပါတယ်။ ဗီယက်နမ် နဲ့ပြီးတဲ့အခါ နော်ဝေနိုင်ငံဝန်ကြီး ချုပ်နဲ့ ဆက်တွေ့ရမှာဖြစ်ပါတယ်။ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဆွေးနွေး နေချိန်မှာပဲ နေပြည်တော်ကနေပြီး မြန်မာ ယူ-၁၉အသင်းရဲ့ အောင်ပွဲ သတင်းကို လက်ခံရရှိခဲ့ပါတယ်။

ဒါ့ ကြောင့် ဗီယက်နမ်ဝန်ကြီးချုပ်ကို နှုတ်ဆက်အပြီးမှာ သမ္မတကြီးကို မြန်မာ ယူ-၁၉ အောင်ပွဲသတင်းကို အသိပေးခဲ့ကြပါတယ်။ မြန်မာလူ ငယ်များရဲ့ အောင်ပွဲဟာ တစ်နေကုန် အစည်းအဝေးတွေ ဆက်တိုက်တက် နေရလို့ ပင်ပန်းနေတဲ့သမ္မတကြီးအ တွက် အကောင်းဆုံးအားဆေးတစ် ခွက်ပါပဲ။ ပြုံးပျော်သွားတဲ့ သမ္မတ ကြီးဟာ နော်ဝေဝန်ကြီးချုပ်နဲ့ တက် တက်ကြွကြွဆွေးနွေးခဲ့ပြီး အခုတော့ စိုက်ပျိုးရေးဆိုင်ရာကိစ္စတွေကို လေ့ လာဖို့အတွက် မီလန်မြို့ပြင်ကို ခရီး ဆက်နေပါပြီ။ ပြည်သူတွေကို ပျော် စေတဲ့ မြန်မာ ယူ-၁၉ အသင်းကို လေးလေးစားစား ဂုဏ်ပြုအပ်ပါတယ်'' ဟု သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

ယူအေအီးအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ခက်ခက်ခဲခဲအနိုင်ယူခဲ့ရ ပြီးနောက် ဆီမီးဖိုင်နယ်သို့ တက် ရောက်သွားသော မြန်မာယူ-၁၉ ဘောလုံး အသင်းအတွက် မြန်မာ ပြည်သူများကလည်း အထူးပျော်ရွှင် စွာတုံ့ပြန်ခဲ့ကြသည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်များ တွင်လည်း မျိုးချစ်စိတ်ပြင်းပြသော မြန်မာများက မြန်မာအသင်း၏ သမိုင်းဝင်အောင်ပွဲ သို့မဟုတ် ကမ္ဘာ့ ဖလားအဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခြင်းအပေါ် စိတ်လှုပ် ရှားပျော်ရွှင်စွာ တုံ့ပြန်ရေးသားခဲ့ ကြသည်။

''ဂိုးသွင်းလိုက်လို့ အရမ်းဝမ်း သာပြီးတော့ အော်လိုက်တာ မေမေ တောင်နိုးသွားတယ်။ အရမ်းပျော် တယ်။ မေမေကမဆူဘူး။ မြန်မာနိုင် ပြီဆိုတဲ့သီချင်းကို မြန်မာ့အသံနဲ့ ပြိုင်ဟစ်နေတယ်''ဟု ဖေ့စ်ဘွတ်ခ် ပရိသတ်သမီးငယ်တစ်ဦးက ရေး သားသည်။

''ပျော်တယ်ဗျာ။ ကမ္ဘာ့ဖလား ကြီး ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆို တော့ အတိုင်းမသိ ဝမ်းသာပါတယ်'' ဟုလည်း လူငယ်တစ်ဦးက အပျော် ဖြင့် တုံ့ပြန်သည်။

''မြန်မာ.. မြန်မာ.. မြန်မာ တဲ့ဟေ့.ကမ္ဘာ့ဖလားတက်ရောက် ခွင့်ရသွားတဲ့ မြန်မာ ယူ-၁၉ ညီ လေးတွေကို ဂုဏ်ပြုပါတယ်ဗျာ''ဟု လူငယ်တစ်ဦးက ရေးသားခဲ့သည်။

''မြန်မာဘောလုံး ကစားသမား တွေကို Moderation ကောင်း ကောင်းလုပ်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး Gerd Zeise သူဟာ မြန်မာဘော လုံးအသင်းရဲ့ သမိုင်းမှတ်တိုင်တစ်ခု ကို ကမ္ဘာ့အလယ်မှာ စိုက်ထူပေးနိုင် ခဲ့တဲ့သူတွေထဲက တစ်ယောက်ဖြစ် သွားပါပြီ။ မြန်မာဘောလုံးသမိုင်း တစ်လျှောက် ခင်ဗျားကို ကျုပ်တို့ ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး'' ဟု လူငယ်သတင်းသမားတစ်ဦးက ရေးသားထားသည်။

ထို့အပြင် ပျော်လွန်းလို့ သေ နိုင်တယ် ဆိုသူကဆို၊ အာဘွားနဲ့ဂုဏ် ပြုလိုက်ချင်တယ်ဟု ပြောသူကပြော၊ နယူးဇီလန်အထိ လိုက်အားပေးမယ် ဟု ဟန်ပြင်သူကပြင်၊ အိပ်မက်ကို အကောင်အထည်ဖော်ပေးတဲ့ ယူ- ၁၉ဟု ကျေးဇူးတင်သူကတင်ဖြင့် လူ မှုကွန်ရက်ကြီးတစ်ခုလုံး လှုပ်ခတ် ပျော်မြူးသွားကြောင်း သတင်းရရှိ သည်။



ရန်ကုန်၊ အောက်တိုဘာ ၁၇


‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...