
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံ
ကျင်းပလျက်ရှိသည့် AFC U-19 Championship ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် များကို အောက်တိုဘာ ၁၇ရက်က ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာယူ-၁၉အသင်းသည် ကိုယ့် မြေကိုယ့်ရေ ကိုယ့်ပရိသတ်ရှေ့မှောက်တွင် အရှေ့အလယ်ပိုင်းအသင်းဖြစ်သည့် ယူအေအီး ကို အနိုင်ယူကာ ဆီမီးအဆင့်သို့တက်လှမ်းနိုင် ခဲ့ပြီဖြစ်သည်။
ထိုသို့ဆီမီးအဆင့်သို့ တက် လှမ်းနိုင်ခဲ့ပြီဖြစ်ခြင်းကြောင့် မြန်မာယူ -၁၉ အသင်းအနေဖြင့် ၂ဝ၁၅ခုနှစ်တွင် နယူးဇီ လန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အသက် ၂ဝ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်သည်။
ဖီဖာ၏ စည်းမျဉ်းစည်းကမ်းများအရ အာရှ ယူ-၁၉ပြိုင်ပွဲတွင် ဆီမီးအဆင့်သို့ တက်လှမ်း နိုင်သည့် အသင်းလေးသင်းသည် ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ် ခြင်းကြောင့် ယူအေအီးအသင်းကို အနိုင်ရရှိခဲ့ သည့် မြန်မာအသင်းအနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
တစ် ချိန်ကအာရှတွင် ဘောလုံးအင်အားကြီးနိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရသည့် မြန်မာဘောလုံးလော ကသည် ၁၉၈ဝ နောက်ပိုင်းတွင် အောင်မြင်မှု နှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ရာ အာရှ အဆင့်တွင် ကစားခွင့်ရရှိရန်မဆိုထားနှင့် အရှေ့တောင် အာရှဒေသတွင်းပြိုင်ပွဲများ တွင်ပင် အောင်မြင်မှုရရှိရန်အတွက် ရုန်း ကန်နေခဲ့ရသည်။
ထိုသို့မှေးမှိန်လျက်ရှိသော မြန်မာဘောလုံးလောကအတွက် အလင်း ရောင်ပေါ်ထွက်လာခဲ့ပြီး မြန်မာ ယူ-၁၉ အ သင်းသည် ဆယ်စုနှစ်တစ်ခုနီးပါးဝေးကွာနေ ခဲ့သည့် မြန်မာဘောလုံးလောကအတွက်
ဘရူနိုင်းဘုရင်ဖိတ်ခေါ်ဖလားပြိုင်ပွဲ၌ ဗိုလ် စွဲကာ မြန်မာတို့၏ ဘောလုံးလောကကို တစ် ဖန်ထွန်းတောက်စေခဲ့သည်။
မြန်မာအသင်းအတွက် နယူးဇီလန် သွား ရောက်ခွင့် လက်မှတ်ရရှိရန် မိနစ် ၉ဝ သာ ကျန်ရှိတော့သည့် ပွဲစဉ်ဖြစ်ခြင်းကြောင့် မြန်မာ ဘောလုံးပရိသတ်များသည် စောစီးစွာပင် ကွင်း အတွင်းသို့ရောက်ရှိခဲ့ကြပြီး ပရိသတ်တာဝန် ကို ကျေပွန်စွာထမ်းဆောင် ခဲ့ကြသည်။ ၁၂ ယောက်မြောက် ကစားသမား ဖြစ်သည့် ပရိ သတ်များသည် ဘောလုံးပွဲ စတင်ရန် မိနစ် ပိုင်းအလိုတွင် ကွင်းအတွင်း ပြည့်လျှံသွား ခဲ့ပြီး တိုင်းပြည်အတွက် ပေးဆပ်ရတော့မည့် ဘောလုံးစစ်သည် ၁၁ယောက်ကို အားပေးရန် အသင့်ဖြစ်နေခဲ့သည်။ မြန်မာလူငယ်ကစား သမားများသည်လည်း မိမိထက် တစ်ဦးချင်း တွင်ရောအသင်းလိုက်တွင်ပါ စွမ်းဆောင် ရည်မြင့်မားသည့် ပြိုင်ဘက်ယူအေအီးကို
အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ် သည်။
မြန်မာအသင်းနည်းပြကြီးဂျာမနီလူမျိုး ဂတ်ဇီဆီကလည်း နည်းစနစ်မှန်မှန်ဖြင့် အသင်း ကို ထိန်းကျောင်းနိုင်ခဲ့ကာ မြန်မာတစ်မျိုးသား လုံးအတွက် ကြီးမားသည့် အနိုင်ရလဒ်ကို ဆောင်ယူပေးနိုင်ခဲ့သည်။
ခံစစ်ကိုစနစ်တကျပြင်ဆင်ပြီး အောင် သူ၊ သန်းပိုင်တို့၏ တိုက်စစ်ဖြင့် ပြိုင်ဘက်နောက် တန်းကို ထိုးဖောက်သည့် နည်းစနစ်ဖြင့် ကစား ခဲ့ကာ ရရှိသည့် အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲရန်အသင်းကို ပြင်ဆင်ခဲ့သည်။
ပရိသတ်အားကို အပြည့်ယူကာ ကစားသမား များကို စိတ်ဓာတ်မြှင့်တင်မှု ပြုလုပ်ပေးနိုင် ခဲ့သည့် မြန်မာယူ-၁၉ အသင်း၏ ခေါင်းဆောင် ကောင်းတစ်ဦးပင်ဖြစ်သည်။ မြန်မာကစားသမား များသည်လည်း နည်းပြ၏ စကားကို တစ် သဝေမတိမ်း လိုက်နာကာ စည်းကမ်းရှိရှိဖြင့် ကစားနိုင်ခဲ့၍လည်း မိမိတို့ထက် အစစအရာရာ သာသည့် ယူအေအီးကို အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။
မြန်မာအသင်းအနေဖြင့် ခံစစ်ဖြင့်က စားနေခြင်းကြောင့် ပြိုင်ဘက် ထိုးစစ်ကိုခံနေခဲ့ ရချိန်တွင် တည်ငြိမ်စွာဖြင့် ဖျက်ထုတ်နိုင်ခဲ့ သည့် မြန်မာနောက်တန်းကစားသမားများသည် လည်း ချီးကျူးရပေမည်။ ဂိုးသမား မင်းမင်းလတ် ၏ နေရာယူကောင်းမွန်မှုနှင့် တည်ငြိမ်စွာဖြင့် လက်စွမ်းပြကာကွယ်နိုင်မှု တို့ကလည်း မြန်မာ အသင်းကို နယူးဇီလန်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟုဆိုရပေလိမ့်မည်။
မြန်မာ့ဘောလုံးသမိုင်းကို မှတ်တမ်းရေး ထိုးမည့် သမိုင်းဝင်သွင်းဂိုးကို သွင်းယူခဲ့သူ မှာ တိုက်စစ်မှူး သန်းပိုင်ဖြစ်ပြီး ပွဲချိန် ၅၂မိနစ် ၌ ဘယ်တောင်ပံမှ ငြိမ်းချမ်းအောင်က ယူအေ အီးနောက်တန်းကို ရုန်းကန်ကာရလာသည့် ဘောလုံးကို ဂိုးရှေ့ဖြတ်တင်ပေးလိုက်သည်မှ အသင့်ရှိနေသူ သန်းပိုင်က ပိတ်သွင်းကာ သွင်း ယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာဘောလုံးသမိုင်း တွက် မှတ်တမ်းတင်ရမည့် သွင်းဂိုးပင်ဖြစ်ပြီး အဆိုပါ သွင်းဂိုးရရှိချိန်မှာတော့ သုဝဏ္ဏကွင်း တစ်ကွင်းလုံး ''ဟေး'' ဆိုသည့်အသံများ ဟိန်းထက်ညံသွားပြီး တီဗီဖန်သားပြင်မှ ကြည့် ရှုနေသည့် ပရိသတ်များ၏ အသံများကြောင့် တစ်နိုင်ငံလုံး သောသောညံသွားခဲ့သည်။ ခံစစ် ကစားနေချိန်တွင် ပြိုင်ဘက်အသင်းထိုးဖောက် ရာ၌ မြန်မာ ဂိုးသမားကာကွယ်နိုင်ခြင်းနှင့် ကန်ချက်များ ဘေးထွက်သွားချိန်၌လည်း မြန် မာပရိသတ်တို့၏ အားပေးသံများညံနေခဲ့သည်။
မြန်မာယူ-၁၉ အသင်းပွဲစဉ်အား တီဗီ ဖန်သားပြင်မှ ကြည့်ရှုအားပေးသည့် ပရိသတ် တစ်ဦးမှလည်း''ကိုယ်ကနိုင်နေတော့ ပွဲကို ကြည့်ရတာ အရမ်းကိုစိတ်လှုပ်ရှားနေမိတယ်။ ခံစစ်ကစားပုံကတော့ မြန်မာကောင်းတယ်လို့ သုံးသပ်မိပါတယ်။ မိနစ် ၉ဝပြည့်တဲ့အချိန်မှာ တော့ မြန်မာအနိုင်ရလိုက်တဲ့ အချိန်မှာ ပြော ပြမတတ်လောက်အောင်ပဲဝမ်းသာမိပါတယ်'' ဟု စိတ်လှုပ်ရှားစွာဖြင့် ပြောကြားခဲ့သည်။
မြန်မာအသင်း အနိုင်ရရှိချိန်တွင်တော့ ကွင်းအတွင်းသို့ ပရိသတ်များ ဝင်ရောက်ကာ အောင်ပွဲခံခဲ့ပြီး ကမ္ဘာ့ ဖလားဝင်ရောက်ခွင့်ရ ကစားသမားများကို ပွေ့ဖက်ဂုဏ်ပြုခဲ့သည့်အပြင် မြန်မာဘောလုံးလောကတိုးတက်ရန်အတွက် တစ်စိုက်မတ်မတ် ဆောင်ရွက်လာခဲ့သည့် ဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလဲ ပွေ့ဖက် ဂုဏ်ပြုခဲ့ခြင်းက ကြည့်ရှုသူ ပရိသတ်များကို ဝမ်းသာမျက်ရည်များ စို့စေခဲ့သည်။
''မိနစ် ၉ဝ ပြည့်လို့ ဒိုင်လူကြီးက ခရာမှုတ်တဲ့အချိန်မှာ မြန်မာယူ-၁၉ အသင်း ကစားသမားတွေကို ကြည့်ပြီး ဂုဏ်ယူမိပါတယ်။ အဲဒီအချိန်မှာ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ကမ္ဘာ့ဖလားဝင် ရောက်ခွင့်ရသွားပြီဖြစ်လို့ ဝမ်းသာမျက်ရည်တွေ ကျလာပြီး ခဏလေးတိတ်ဆိတ်သွားမိတယ်။ ပွဲပြီးဆုံးခါနီးလေ စိတ်လှုပ်ရှားလေပဲ''ဟု အဆိုပါ ပရိသတ်က ပြောကြားသွားခဲ့သည်။
ယခုပွဲအနိုင်ကြောင့် မြန်မာဘောလုံး လောကအပြောင်းအလဲဖြစ်စေခဲ့ရခြင်းနှင့် ပတ်သက်ပြီး ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းက ''အရမ်းကိုဝမ်းသာနေတယ်။ ပွဲအပေါ်သုံးသပ်ရရင် ခြေကွာတယ်။ ကစား သမားတွေရဲ့ ကြိုးစားအားထုတ်မှုရယ်၊
ပရိသတ်အားရယ်ကြောင့် နိုင်ပွဲရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့အပြင်မြန်မာအသင်း ကံ ကောင်းခဲ့တယ်လို့လည်း ပြောလို့ရတယ်။
ယူအေအီးဘက်က ကန်ချက်တွေကို ကာကွယ် သွားနိုင်ခဲ့တာကလဲ မြန်မာကိုနိုင်ပွဲရစေခဲ့ပါ တယ်'' ဟု သုံးသပ်ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းပိုင်ရှင်များ၏ကြိုး ပမ်းမှုကြောင့် မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများပေါ်ထွန်းလာခဲ့ပြီး ဘောလုံးအဆင့်အတန်းကို ဆွဲတင်ခဲ့သည်။ သို့သော် လက်ရွေးစင်အသင်းများ အောင်မြင်မှုနှင့်ဝေး ကွာနေခြင်းကြောင့် ပြည်တွင်းပြိုင်ပွဲများအ ပေါ် စိတ်ဝင်စားမှုနည်းပါးလာသော်လည်း ယူ-၁၉ပြိုင်ပွဲတွင် အောင်မြင်မှုက မြန်မာ ဘောလုံးလောကအတွက် အပြောင်းအလဲ ဖြစ်စေခဲ့သည်။
''အသင်းပိုင်ရှင်တစ်ယောက် အနေနဲ့ပြောရမယ်ဆိုရင် မြန်မာဘောလုံး လောကတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး အသင်းတွေထောင်ခဲ့တာပါ။ အခုလိုအောင် မြင်မှုရရှိခဲ့တဲ့အခါမှာတော့ အားထည့်ရကျိုး နပ်ပြီလို့ပြောရမှာပဲ။ မြန်မာ့ဘောလုံးသမိုင်းမှာ သမိုင်းတွင်နိုင်ပါပြီ''ဟု ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းကဆက်လက် ပြောကြားသွားခဲ့သည်။
မြန်မာယူ-၁၉ အသင်းအနေဖြင့် ပြိုင် ဘက်ယူအေအီးအသင်းကို အနိုင်ရရှိခြင်း မှာ မြန်မာဘောလုံးပရိသတ်များကြောင့်ဟု ပြောလျှင် ပို၍မှန်ကန်ပေလိမ့်မည်။ ပရိသတ် အားက ပွဲကိုဆုံးဖြတ်ခဲ့သည်နှင့် ပတ်သက်၍
''ဘောလုံးသမားလေးတွေရဲ့ အနိုင်မခံ အရှုံး မပေးစိတ်ဓာတ်ကိုတော့ ချီးကျူးပါတယ်။ အ ဓိကကတော့ ပရိသတ်အားပေးမှုကြောင့် အနိုင်ရတယ်လို့ထင်ပါတယ်။ ပရိသတ်မပါ ရင် ဒါမှမဟုတ် ကြားကွင်းမှာ ကစားခဲ့မယ် ဆိုရင် မြန်မာအသင်းအနေနဲ့ ယူအေအီးကို နိုင်ဖို့ မလွယ်ကူပါဘူး။ မြန်မာအသင်းရသွား တဲ့ ဂိုးကလဲ တစ်ဖက်ကစားသမားတစ် ချက်ပေါ့သွားတဲ့ အတွက် ရတဲ့အခွင့်အရေး ကို အသုံးချနိုင်ခဲ့လို့ပါ။ အခုလိုကြောင့်လဲ တစ်ကမ္ဘာလုံးက ဘောလုံးအားကစားနည်း ကို စိတ်ဝင်စားနေတာပေါ့''ဟု ဘဏ္ဍာအခွန် ဘောလုံးအသင်းကစားသမားဟောင်းနှင့် ရန် ကုန်ယူနိုက်တက် မန်နေဂျာဟောင်းဖြစ်သူ ဦးဇော်မြင့်က သုံးသပ်ပြောကြားသွားခဲ့သည်။
အာရှအဆင့်မှ ကမ္ဘာ့ဘောလုံးစင်မြင့် သို့တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည့်မြန်မာဘော လုံးလောကအတွက် စွမ်းဆောင်ပေးနိုင်ခဲ့ ကြသည့် မြန်မာယူ-၁၉ အသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း ပြိုင်ဘက်အ သင်းကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့တက် လှမ်းနိုင်ပြီး အာရှချန်ပီယံရှစ်ပြိုင်ပွဲ၌ ဗိုလ် စွဲနိုင်သည့်အသင်းဖြစ်လာစေရန် မျှော်လင့် ရင်း နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ပါစေကြောင်း ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။
ကိုမင်းအောင်(မုဒုံ)
*********************
''ကျွန်တော်က ဒီပွဲကိုကြည့်ချင်လွန်းလို့ မုဒုံကနေ မနက်စောစောကတည်းက အဖွဲ့ လိုက်ထွက်လာခဲ့တာပါ။ မြန်မာပရိသတ်တွေ အကုန်လုံး ဒီပွဲကို အားခဲနေတာပါ။ အခု လိုမျိုး ပျော်ရွှင်အောင်လုပ်ပေးနိုင်လို့ အရမ်း ကျေးဇူးတင်ပါတယ်''
မင်းခေါင်ခင်ရွှေ(မြိတ်)
************************
''ပထမပိုင်းမှာတိုက်စစ်ပိုင်း အားနည်း နေတယ်လို့ထင်တယ်။ ဒီလိုယူအေအီး အသင်းကြီးကိုနိုင်မယ်လို့ မထင်ထားဘူး။ ဒီအတွက် မြန်မာယူ-၁၉အသင်းကို ဂုဏ်ယူပါ တယ်။ မြန်မာအသင်းအားရှိ အောင်ကွင်း ထဲကို လာရောက်အားပေးခြင်းဖြစ်တယ်။ အားပေးရကျိုးနပ်တဲ့အသင်းပါပဲ''
သီဟစည်သူ (လက်ရွေးစင်ဂိုးသမား)
*****************************************
''အစ်ကိုတို့ ဘဝတစ်လျှောက်အိပ် မက်ပဲမက်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ညီ တို့အသင်း ပါဝင်ကစားခွင့်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အစ်ကိုတို့ အပါအဝင် မြန်မာပြည်သူများအတွက် ပျော် ရွှင်ရသော ညနေခင်းလေးကို ဖန်တီးပေးနိုင် ခဲ့တဲ့ ယူ-၁၉က ညီငယ်များအားလုံးကို ကျေး ဇူးတင်ရှိပါတယ်''
- ဇော်မင်းသူ
Democracytoday
0 comments:
Post a Comment