Wednesday, October 22, 2014

တောင်းဆိုချက် မရမချင်း ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မည်





ဂျာမနီနိုင်ငံ၊ Frankfurt လေဆိပ်ကို အခြေစိုက်ဆန္ဒပြနေတဲ့ Lufthansa လေကြောင်းလိုင်း လေယာဉ်မှူးတွေဟာ သူတို့တောင်းဆိုမှုတွေ မရရင် သပိတ်ဆက်မှောက်သွားမယ်လို့ မနေ့က ကြေညာပါတယ်။အောက်တိုဘာ ၂၀ ရက်နေ့က ဥရောပခရီးစဉ်အတိုတွေကို ပစ်မှတ်ထား သပိတ်မှောက်ခဲ့ပြီး ၂၁ ရက်နေ့မှာတော့ Frankfurt လေဆိပ်ကနေ ကမ္ဘာတ၀န်းခရီးရှည်တွေကိုပါ ပစ်မှတ်ထား သပိတ်မှောက်ခဲ့ပါတယ်။

ဒါကြောင့် လေယာဉ်ခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၁၆၆၀၀၀ ကျော်ရဲ့ ခရီးစဉ်တွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။

Frankfurt လေဆိပ်ဟာ Lufthansa လေကြောင်းလိုင်းရဲ့ အခြေစိုက်လေဆိပ်ဖြစ်ပြီး ဥရောပရဲ့ တတိယအကြီးဆုံးလေဆိပ်ဖြစ်ပါတယ်။

လေကြောင်းလိုင်း ပြောခွင့်ရကတော့ စက်တင်ဘာလက လေကြောင်းလိုင်း ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားဆဲပဲလို ပြောဆိုပါတယ်။

အစောဆုံးအငြိမ်းစားယူနိုင်တဲ့ အသက် ၆၀ နှစ်ကနေ ၅၅ နှစ်လျှော့ပေးဖို့ကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မှူးတွေအတွက်တော့ Lufthansa က သဘောတူထားပါတယ်။

ဒါပေမယ့် နောင်မျိုးဆက်သစ် လေယာဉ်မှူးတွေကိုလည်း အဲ့ဒီအစီအစဉ်အတိုင်း ပေးရမယ်ဆိုတာကိုတော့ လေကြောင်းလိုင်းက သဘောမတူပါဘူး။

တချိန်တည်းမှာ Lufthansa လေကြောင်းလိုင်းဟာ ဒေသတွင်း တန်ဖိုးနည်းလေကြောင်းလိုင်းတွေနဲ့ အကြိတ်အနှယ်ယှဉ်ပြိုင်နေရတယ်လို့လည်း ပြောခွင့်ရ ကပြောဆိုပါတယ်။

အခုနှစ်အတွင်း သပိတ်မှောက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ယူရိုငွေ သန်း ၇၀ ကနေ သန်း ၁၀၀ လောက်အထိ နစ်နာနိုင်တယ်လို့ ဆိုပါတယ်။

ပြိုင်ဘက် ပြင်သစ်လေကြောင်းလိုင်းကတော့ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ၂ ပတ်ကြာ လေယာဉ်မှူးများ သပိတ်ကြောင့် ယူရိုငွေ သန်း ၅၀၀ အထိ ထိခိုက်ခဲ့ပါတယ်။

လက်ရှိ လေယာဉ်မှူးများ သပိတ်ကြောင့် Lufthansa လေကြောင်းလိုင်းရဲ့ ခရီးစဉ် ၆၅ ရာခိုင်နှုန်းလောက် ရပ်နားထားရပါတယ်။


Wednesday, October 22, 2014
DVB TV NEWS

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...