Friday, October 24, 2014
ထိုင်းနိုင်ငံသို့ရိုဟင်ဂျာတစ်သိန်းမကြာမီရောက်ရှိဖွယ်ရှိ
နှစ်စဉ် မုတ်သုန်ရာသီအကုန် နိုဝင် ဘာလမှ ဧပြီလအထိကာလသည် ထိုင်း နိုင်ငံသို့ ရိုဟင်ဂျာများ တရားမ၀င် ၀င် ရောက်မှု အများဆုံး ရာသီဖြစ်သဖြင့် ထိုတရားမ၀င် ၀င်ရောက်မှုများအား တားဆီးကာကွယ်ရန်အတွက် ထိုင်း အာဏာပိုင်များအနေနှင့် ကြိုတင် ပြင်ဆင်မှုများ
 ပြုလုပ်လျက်ရှိကြသည်။
ယခုနှစ်တွင်လည်း ရနောင်းနှင့် အနီးအနားရှိ ပြည်နယ်များမှတစ်ဆင့် ရိုဟင်ဂျာ တစ်သိန်းကျော်
ဒုတိယအုပ်ချုပ်ရေးမှူး ပင်ဂျစ်ဘွန်း လက်က အောက်တိုဘာလ (၁၃) ရက် နေ့တွင် ပြောကြား
လိုက်သည်။
ရိုဟင်ဂျာများ ထိုကဲ့သို့တရားမ၀င် ၀င်ရောက်မှုမှာ ထိုင်းနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်ပြီး အလွန်ကြီးမားသော ပြဿနာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ဥပဒေ တွင် ထိုသို့တရားမ၀င် ၀င်ရောက်လာ
 သူများကို မူရင်းဒေသသို့ ပြန်လည် ပို့ပေးရမည်ဟု အတိအလင်းဖော်ပြထား ကြောင်း၊ တရားမ၀င် ၀င်ရောက်နေထိုင် သူများရှိနေခြင်းသည် အမျိုးသားလုံခြုံ ရေးနှင့် အခြားသော အန္တရာယ်များ   ဖြစ်ပေါ်စေနိုင်ကြောင်း ပင်ဂျစ်က ဆက်လက်ပြောကြားသည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း က ထိုင်းအာဏာပိုင်များသည် ထိုင်း နိုင်ငံတောင်ပိုင်းတွင်
ရိုဟင်ဂျာ (၂၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး အချို့သော တရား မ၀င် ၀င်ရောက်လာသူများမှာ အရာရှိ များကိုတွေ့သည်နှင့် သမုဒ်္ဒရာအတွင်းသို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြကြောင်း၊ ၎င်းတို့ကိုနောက်ထပ် ထပ်မံတွေ့ရှိရခြင်း မရှိတော့ဘဲ ၎င်းတို့၏ ကံကြမ္မာကို မသိရှိ ရကြောင်းလည်း ပြောသည်။
အကယ်၍ တရားမ၀င် ၀င်ရောက် လာသူတစ်ဦးသည် လူကုန်ကူးသည့် အဖွဲ့များနှင့် ဆက်စပ်နေမည်ဆိုပါက ထိုလူကုန်ကူးသူများကို ဖော်ထုတ်ရမည် ဖြစ်ကြောင်း၊ ၎င်းတို့သည်
ထိုင်းနိုင်ငံ၏ ဥပဒေများကို ချိုးဖောက်နေကြသူများ ဖြစ်ကြောင်း၊ ရိုဟင်ဂျာများကို မိုဘိုင်းဖုန်း
 များနှင့်အတူ မကြာခဏတွေ့ရှိရသဖြင့် လူကုန်ကူးဂိုဏ်းများ အမြောက်အများ ရှိနေလိမ့်မည်ဟု အာဏာပိုင်များက ယုံကြည်ကြောင်း၊ ရိုဟင်ဂျာများသည် ပင်လယ်ပြင်ကို ငါးဖမ်းသင်္ဘောများဖြင့်
မိုင်ပေါင်း (၁၄၀၀) ခန့်ဖြတ်ကျော်၍ လာခဲ့ကြပြီး အနီးအနားရှိကျွန်းများပေါ် တွင် ပုန်းအောင်းနေကြကာ အုပ်စုငယ် များအဖြစ်လူခွဲ၍ ထိုင်းနိုင်ငံတွင်းသို့ ၀င်ရောက်ကြကြောင်းလည်း ပင်ဂျစ်က ဆက်လက်ပြောကြားသည်။
ဥက္ကာအောင်
Source : The Nation / Asia News Network
Hot News
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...