
One On One International Challenge Fight နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ Central Hotel
၌ကျင်းပရာ မြန်မာ့ရိုးရာ လက်ဝှေ့ အစည်းအရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြိုင်ပွဲဝင် လက်ဝှေ့ သမားများ၊ သတင်း မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ ရှင်းလင်းပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက လက်ဝှေ့ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး မြန်မာ့ရိုးရာ လက်ဝှေ့ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးဝါဆိုဝင်းမြင့် က အတွဲဆိုင်းများ တွဲထားမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
One On One International Challenge Fight နိုင်ငံတကာ မြန်မာ့ လက်ဝှေ့စိန်ခေါ် ပွဲကြီးတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ လက်ဝှေ့ အားကစား သမားများ က နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ အားကစား ခန်းမ၌ ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ပြိုင်ပွဲတွင် ထွန်းထွန်းဝင်း (မြန်မာ) Vs တူတာဘိုစ် (ဥဇဘက်ကစ္စတန်)၊ တူးတူး (မြန်မာ) Vs မက်သရူး (ကနေဒါ)၊ သပြေညို (မြန်မာ) Vs နာရွန်ချိုင် (ထိုင်း)၊ ကျားပေါက် (မြန်မာ) Vs ရာဖေးလ် (ဘရာဇီး)၊ စောအယ်လေး (မြန်မာ) Vs ဘတ်ဘယာ (မွန်ဂိုလီးယား)၊ မိုးဟိန်း (မြန်မာ) Vs ဂျိုနယ် (ဖိလစ်ပိုင်) နှင့် ရဲမြတ်အောင် (မြန်မာ) Vs ဘီယွန်တီ (ဖိလစ်ပိုင်)တို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး 100 PLUS မှ အဓိက ပံ့ပိုး ကူညီထားကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment