Tuesday, October 21, 2014

မြန်မာနှင့် ဘရူနိုင်း ဗီဇာမလိုဘဲ သွားလာနိုင်တော့မည်



ရန်ကုန်၊ အောက်တိုဘာ ၂ဝ

  မြန်မာ နိုင်ငံနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ နှစ်နိုင်ငံပြည်ဝင်ခွင့်ဗီဇာမလိုဘဲ အ ပြန်အလှန် ခရီးသွားနိုင်တော့မည်ဖြစ် ကြောင်း အောက်တိုဘာ ၂ဝရက်တွင် နိုင်ငံခြားရေးရာ ဝန်ကြီးဌာန၏သ တင်းထုတ်ပြန်ချက်အရ သိရသည်။

  ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်နှင့် ဘရူနိုင်းဒါရူဆလမ် နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး နှင့်ချစ်ကြည်ရေးတိုးမြင့်စေရန်ရည် ရွယ်၍ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ခရီးသွားလာရာတွင် သာမန်နိုင်ငံကူး လက်မှတ်ကိုင် ဆောင် သူများအား ၁၄ရက်ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ နား လည်မှုစာချွန်လွှာကို သံတမန်လမ်း ကြောင်းမှတစ်ဆင့် လဲလှယ်ခဲ့ပြီးဖြစ် ပြီး ၄င်းစာချွန်လွှာသည် စက်တင် ဘာ ၁ရက်နေ့တွင် အတည်ပြုအသက် ဝင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ြ  မြန်မာနှင့်ဘရူနိုင်းနိုင်ငံတို့ သည် နှစ်နိုင်ငံဆက်ဆံရေးကောင်း မွန်ပြီး ရန်ကုန်မြို့ရှိ ဘရူနိုင်းသံရုံး ရှိသကဲ့သို့ ဘရူနိုင်းနိုင်ငံတွင်လည်း မြန်မာသံရုံးရှိကာ ပညာရေး၊ ကျန်း မာရေးနှင့် အလုပ်သမားရေးကိစ္စ များတွင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများရှိကြောင်းသိရသည်။
ြ 
 မြန်မာ-ဘရူနိုင်းဆက်ဆံရေး ကို ၁၉၉၃ခုနှစ် စက်တင်ဘာ ၂ရက် ကတည်းက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကုန်သွယ်ရေးဆက်ဆံမှုများ လည်းရှိကာ နှစ်နိုင်ငံအပြန်အလှန် အခွန်ကင်းလွတ်ခွင့် သဘောတူညီ ချက်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

၁၉၈၈ခုနှစ်တွင် ဘရူနိုင်းခေါင်း ဆောင်ဆူလ်တန် ဟက်ဆာနယ်လ် မြန်မာနိုင်ငံသို့ အလည်လာရောက် ခဲ့ပြီး ၂ဝ၁၅ခုနှစ်၌ အာဆီယံချန်ပီယံ ရှစ်အတွက် ဘရူနိုင်းကမြန်မာအရာ ရှိများကို သင်တန်းပေးခြင်းဖြင့် ထောက်ခံခြင်းများရရှိခဲ့သည်။

Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...