
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁၉ရက် ညနေ ၃နာရီခွဲတွင် တူရင်မြို့ရှိ ဗာနားရီးယား နန်းတော်သို့ သွားရောက် ကြည့်ရှု လေ့လာရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသကြသည်။
ဗာနားရီးယား နန်းတော်ကို ၁၆၇၅ ခုနှစ်တွင် တူရင်မြို့အနီး ဗာနားရီးယား ရေးလီတွင် တည်ဆောက်ခဲ့ပြီး တော်ဝင်ဧည့်ဂေဟာ တစ်ခုအဖြစ် ထင်ရှားသည်။ ၁၉၉၇ ခုနှစ်တွင် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် တော်ဝင် ဧည့်ဂေဟာများ အနက် တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်မှ စတင်၍ ကမ္ဘာလှည့် ခရီးသွားများနှင့် အများပြည်သူ တို့ကို ကြည့်ရှု လေ့လာခွင့်ပြု ခဲ့သည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် အရှေ့တိုင်း အနုပညာ ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် အာရှတိုက် နိုင်ငံများ၏ ယဉ်ကျေးမှု အနုပညာ ပစ္စည်းများကို လှည့်လည်ကြည့်ရှု ကြသည်။
တူရင်မြို့၏ ပလာဇိုမက်ဇိုနစ် အရပ်တွင်တည်ရှိပြီး အီတလီ နိုင်ငံ၏ နာမည်ကျော် အရှေ့တိုင်း အနုပညာလက်ရာ ပစ္စည်းများကို စုဆောင်းပြသ ထားသော ပြတိုက်များ အနက် တစ်ခုအပါအဝင် ဖြစ်သည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် ပြတိုက်အတွင်းရှိ မြန်မာလက်မှု အနုပညာပြပွဲကို တူရင်မြို့ ဒုတိယ မြို့တော်ဝန် နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်း အတွင်း လှည့်လည် ကြည့်ရှု လေ့လာခဲ့သည်။
မြဝတီ
0 comments:
Post a Comment