Tuesday, October 21, 2014

လျှပ်စစ်ကြောင့် ထိခိုက်နစ်နာမှုများကို ထိုက်တန်သော လျော်ကြေးများ ပေးမည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးပြော




လျှပ်စစ်ဓာတ်အား ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဓာတ်အား ရောင်းချခြင်းမှရရှိသည့် ဝင်ငွေတိုးတက်လာမှု ပေါ်မူတည်၍ ထိုက်တန်သော လျော်ကြေးများပေး အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

''ဓာတ်အားသုံးစွဲသူတွေရဲ့ ထိခိုက်မှု တွေကို ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ လူမှုဖူလုံ ရေးရန်ပုံငွေမှလည်းကောင်း ဓာတ်အားဖြန့်ဖြူး ရောင်းချခြင်းမှ ရရှိသည့် ဝင်ငွေတိုးတက်လာမှု အခြေအနေအရလည်းကောင်း လုံလောက်ထိုက် တန်တဲ့လျော်ကြေးတွေ ပေးအပ်သွားမှာပါ''ဟု လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမော် သာထွေးက အောက်တိုဘာ ၁၆ရက်တွင် ပြုလုပ် သော အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ခုပြည်တွင်းမှာက လျှပ်စစ်အန္တရာယ် ကြောင့် သေဆုံးသူတွေထဲမှာ ဓာတ်ကြိုးပြတ်ကျ လို့ သေတာထက် အိမ်တွင်းအလုပ်ရုံ၊စက်ရုံတွေ ကဖြစ်တဲ့ လျှပ်စစ်အန္တရာယ်ကြောင့် သေတဲ့သူက ပိုများနေပါသေးတယ်။ အလုပ်ခွင်လျှပ်စစ်သုံးစွဲ မှုတွေကို ပိုပြီး စစ်ဆေးကြပ်မတ်သင့်တယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်က ပြောသည်။

''ကျွန်တော်တို့ဆိုရင် နယ်မြို့ဖြစ်တဲ့အ တွက် လျှပ်စစ်လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်သား ဝန်ထမ်းအခက်အခဲ၊ နည်းပညာ၊ ငွေကြေးစတဲ့ အခက်အခဲ ပေါင်းစုံရှိပါတယ်။ အဲဒီတော့ တချို့ ဆို မိမိဒေသလိုအပ်ချက်အတွက် ကိုယ့်အစီအ စဉ်နဲ့ကိုယ် အရည်အသွေးမမီတဲ့ လျှပ်စစ်ပစ္စည်း တွေသုံးကြတော့ လျှပ်စစ်အန္တရာယ် ခဏခဏဖြစ် နေတယ်''ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ချိုဦးကပြောသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်ကြိုးများပြတ် ကျပါက ဓာတ်လိုက်မခံရစေရန် ဓာတ်အားလိုင်း များတွင်Earth Ring/Earth Bar System တပ် ဆင်ခြင်း များပြုလုပ်ကာ ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်းမှကာကွယ်ရန် Line Guard တပ် ဆင်ခြင်းလုပ်ငန်းများ မြို့နယ်အလိုက် ဆောင် ရွက်လျက်ရှိ ကြောင်း သိရသည်။ ‪

Flowernewsjournal‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...