
လူမှုကွန်ယက်ဖြစ်တဲ့ facebook လို နေရာမျိုးတွေ၊ instagram လို နေရာမျိုးတွေမှာ အများဆုံး တင်တတ်ကြတဲ့ selife ရိုက်ချက်တွေထဲမှာ လူတွေနှစ်ခါပြန်မကြည့်ချင်လောက်အောင် စိတ်ပျက်စရာကောင်းတဲ့ ရိုက်ချက်တွေနဲ့ ဓာတ်ပုံတွေအမြဲ မြင်တွေ့ရလေ့ရှိပါတယ်။
အဲ့ဒီ selfie ဓာတ်ပုံအမျိုးအစားတွေကတော့
၁။ရေချိုးခန်း၊ အိမ်သာ စတဲ့နေရာတွေမှာ ရိုက်ထားတဲ့ selfie ပုံ
အပျော်သဘောပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် အိမ်သာတွေ၊ ရေချိုးခန်းတွေထဲ ဓာတ်ပုံရိုက်ပြီဆိုရင် လူတွေက သင်ချစ်စရာကောင်းတယ်ဆိုတာထက် သင့်နောက်ကျောမှာ ဘာတွေရှိတယ်ဆိုတာကိုသာ ပိုစူးစမ်းတတ်ကြတာပါ။
၂။အသုဘအခမ်းအနားမှာ အလောင်းနဲ့အတူ ရိုက်ထားတဲ့ selfie ပုံ
အလောင်းဘေးနားမှာ ၀မ်းနည်းနေတဲ့ အမူအယာနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီအတိုင်း နောက်ဆုံးအနေနဲ့ ရိုက်ထားတာပဲဖြစ်ဖြစ် ဒီလို selife ရိုက်ထားပြီး လူမှုကွန်ယက်မှာ တင်တာမျိုးဟာ အားလုံးကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
၃။ ငါမင်္ဂလာဆောင်တော့မယ်ဆိုပြီး သတို့သမီးတွေ ကိုယ်ကိုယ်တိုင် ရိုက်ထားတဲ့ selfie ပုံ
အူကြောင်ကြောင်ဖြစ်စေတဲ့ ပုံမျိုးပေါ့။ သင်မင်္ဂလာဆောင်တော့မှာ အားလုံးသိနေပါတယ်။ ခုပဲ မင်္ဂလာခန်းမထဲ ၀င်တော့မှာမို့ တစ်ပုံလောက်ရိုက်ပြီး ငါမင်္ဂလာဆောင်တော့မလို့ ဆိုတဲ့ ပုံစာနဲ့အတူ ဆိုရှယ်နက်ဝက်ခ်ပေါ်ရောက်လာရင်တော့ အဟားခံရတာကလွဲရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။
၎။စားနေတဲ့ အစားအစာတွေနဲ့ ရိုက်ထားတဲ့ selfie ပုံ
စားကြပါဦး ဆိုပြီး မစားခင်ပုံပေါင်းများစွာကို sအစားအသောက်နဲ့အတူ elife ရိုက်ပြီး တင်တာမျိုးပါ။ ဘယ်သူကများ စားနေတဲ့အစားအစာနဲ့အတူ ရိုက်ပြီး တင်ထားတဲ့ ပုံပေါင်း တစ်သောင်းခြောက်ထောင်လောက်ကို Like လုပ်နိုင်မှာလဲ။ ပြီးတော့ ဘယ်သူကရော အဲ့ဒီလောက် စိတ်ဝင်စားမှာလဲ။
၅။နာမည်ကြီးအနုပညာရှင်နဲ့ အတင်းတွဲပြီး ရိုက်ထားတဲ့ selfie ပုံ
ငါ့ဘေးမှာ ဘယ်သူလဲ ကြိုက်လိုက်ပါဦး ဆိုတဲ့ ပုံစာနဲ့အတူ တက်လာတဲ့ selife ပုံမှာ သင်ကတော့ ပျော်မြူးလို့၊ ဘေးက အနုပညာရှင်ကတော့ ပြုံးချင်သလိုလို၊ ပျင်းသလိုလို မျက်နှာဘေးနဲ့ဆို အားလုံးက ဘယ်လိုတွေးမလဲ။
၆။အင်္ကျံအ၀တ်အစားသာပြောင်းပြီး၊ နေရာရော၊ မျက်နှာပေးပါ ဘယ်တော့မှမပြောင်းတဲ့ selfie ပုံ
ရိုက်နေကျ နေရာတစ်နေရာမှာပဲ အ၀တ်အစားလေး လဲလဲပြီး ရိုက်နေရသလားလို့ ထင်ရဖွယ်ရှိပါတယ်။ မျက်နှာကလည်း ဒီအနေအထားနဲ့ ပို့စ်ကလည်း ဒီပို့စ်ပါပဲ။ ကဲ ဘယ်လောက်ပျင်းစရာကောင်းသလဲ။
၇။အနမ်းခြွေနေတဲ့ selfie ပုံ
ချစ်သူနဲ့နှစ်ဦးသား နမ်းနေတဲ့ပုံကို selfieရိုက်တယ်ဆိုမှတော့ ဒါဟန်ဆောင်တာပဲလေ။ တကယ်နမ်းနေသလို အသက်မပါသလို ဘယ်လိုမှ ကြည့်ကောင်းမှာမှ မဟုတ်တာ။
၈။ကလပ်တို့ ပါတီတို့မှာ ရိုက်ထားတဲ့ မှုန်ဝါးဝါး selfie ပုံ
ခေါင်းနဲ့ကိုယ် ဘာဟာမှန်းခွဲလို့မရအောင်ကို မှုန်ဝါးနေတဲ့ selfie ပုံမျိုး၊ သောက်စားထားလို့ အမူးလွန်နေတဲ့ပုံမျိုးတွေနဲ့ ရိုက်ထားတဲ့ selfie ပုံတွေ facebook ပုံတင်တော့မယ်ဆို အခါခါစဉ်းစားပါ။ အကျိုးမရှိပါဘူး။
၉။အိပ်ယားနိုးစ ပုံစံသဖွယ် ဟန်ဆောင်ရိုက်ထားတဲ့ selfie ပုံ
အိပ်ယာခုမှနိုးတယ်ဆိုပြီး ဆံပင်နည်းနည်းဖွ၊ မိတ်ကပ်လေးပါးပါးလိမ်းပြီး အိပ်ယာပေါ်မှာထိုင်ကာ မျက်လုံးလေးပွတ်၊ ၀ါးခနဲသမ်းပြပြီး selfie ရိုက်ထားတဲ့ပုံကို ခုခေတ်မှာ ဟယ် လှလိုက်တာလို့ ပြောရင်တောင် ဟန်ဆောင်ပြောတယ်လို့ မှတ်ပါ။
၁၀။အကျီင်္အစမ်းလဲဝတ်တဲ့အခန်းမှာ ရိုက်ထားတဲ့ selfie ပုံ
ဒီအကျီ င်္လေးနဲ့လိုက်ရဲ့လား။ ဒါလေး ယူလိုက်ရင် ကောင်းမလား စသဖြင့် အကြံဥာဏ်တောင်းသလို၊ မေးသလို ရိုက်ပြီးတင်ထားတဲ့ selfie ပုံတွေကလည်း တကယ်တော့ ပြန်ချွတ်ပြီး ထွက်မသွားခင် ရိုက်ထားမှန်းသိသာသလို အခန့်မသင့်ရင် ဒီလိုပဲ အစမ်းဝတ်ကြည့်မယ်ဆိုပြီး အခန်းထဲယူသွား ဓာတ်ပုံရိုက်တတ်တဲ့ ကောင်မလေးမျိုးလားလို့တောင် အထင်လွဲခံရဖွယ်ရှိတယ်နော်။
Ref:cosmopolitan.com
Trend Myanmar
0 comments:
Post a Comment