
ကမ္ဘာ့ အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်များတည် ရှိရာ မုံရွာမြို့နယ် ခတ္တာကန်တောင် ရွာရှိ ဗောဓိတစ်ထောင်သာသနာ့ နယ်မြေတွင် မြန်မာပြည်၌ အကြီးဆုံးထိုင်တော်မူ ရုပ်ပွားတော်ကြီးကို ဗန္ဓဝတောင်ကုန်းပေါ်တွင် စတင် တည်နေပြီဖြစ်ကြောင်း သိရသည်။
''ဖောင်ဒေးရှင်းတော့ စတင်နေ ပါပြီ၊ လေးကျွန်းစကြာရပ်တော်မူ ဘုရားကြီးတည်ဆောက်စဉ်က မျက် နှာတော်ပုံစံမိုယူတုန်းက ကျန်ခဲ့တဲ့ ဦးခေါင်းတော်ပုံစံကို အခုထိုင်တော် မူရုပ်ပွားတော်ကြီးမှာတပ်မှာပါ၊ ရပ် တော်မူဘုရားကြီးထိုင်နေတော်မူတဲ့ ဟန်ဖြစ်ပါတယ်၊ ဆရာတော်ကြီးပျံ လွန်တော်မမူခင်ကလဲ ထိုင်တော်မူ ကြီးတည်ထားချင်တယ်လို့ မိန့်ကြား ဖူးတယ်။
အဲဒါကြောင့် ဆရာတော် ၏ဆန္ဒကို တပည့်သာဝကတွေနဲ့ ပူး ပေါင်းပြီး အကောင်အထည်ဖော်တာ ပါ''ဟု ဗောဓိတစ်ထောင်ကျောင်းမှ ဆရာတော်တစ်ပါးကမိန့်ကြားသည်။ လက်ရှိ တည်ထား ကိုးကွယ်နေ သော လေးကျွန်း စကြာထိုင်တော်မူ ရုပ်ပွားတော်ကြီးကို လာမည့်ဘဏ္ဍာ ရေးနှစ်တွင် အပြီးတည်ထားမည်ဖြစ် ပြီး ဥာဏ်တော်မှာ (၂၃၄)ပေရှိမည် ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဣရိယာပုတ်လေးပါးလုံးဖြင့် သတိ မလွတ် တရားတော်ရှုမှတ်ခြင်းကို ရည်စူး၍ လျောင်းတော်မှုဘုရားကြီး၊ ရပ်တော်မူဘုရားကြီး၊ ရှင်ပင်ပက် လက်ဘုရားကြီးတို့အား ဗောဓိတစ် ထောင်သာသနာ့နယ်မြေတွင် တည် ထားခဲ့ပြီး ယခုတည်ထားသောထိုင် တော်မူဘုရားကြီးပြီးစီးပါက ကြီး လေးကြီးဗုဒ္ဓရုပ်ပွားတော်များကို ဗုဒ္ဓဘာသာဝင်များဖူးမြော်နိုင်တော့ မည်ဖြစ်သည်။
ွှ
မုံရွာ၊ အောက်တိုဘာ ၂၁
TS
Democracytoday
0 comments:
Post a Comment