Friday, October 24, 2014

Population Research Center ကို ရန်ကုန်တက္ကသိုလ်နှင့် သြစတြေးလျ National University တို့ ပူးပေါင်းတည်ထောင်မည်



 
  မြန်မာ နိုင်ငံတွင် Population Research Center တစ်ခုကို ရန်ကုန်တက္ကသိုလ်နှင့် သြစတြေးလျ National University တို့ပူးပေါင်းပြီး စတင်တည်ထောင်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစင်တာတည် ထောင်ခြင်းနှင့်ပတ်သက်ပြီး လေ့လာ ရန်သင်တန်းသား၁၂ဦးကို သြစတြေး National University သို့ ပညာ တော်စေလွှတ်ထားကြောင်း၊ သင်တန်း သား၄၈ဦး ပြည့်သည်အထိ နှစ်လ လျှင်တစ်ကြိမ် သင်တန်းသား၁၂ဦး နှုန်းဖြင့် ပညာတော်သင်စေလွှတ်သွား မည်ဖြစ်ကြောင်း သိရသည်။

''သြစတြေးလျတစ်တိုက်လုံးအ တွက် ဒီလိုစင်တာတွေကနေ နိုင်ငံမှာ လူတွေ ဘယ်လိုအနေအထားရှိကြ သလဲ။ ဘာအလုပ်အကိုင်တွေလုပ် ကြသလဲ။ ဘာတွေလိုအပ်နေသလဲ ဆိုတာတွေကို လေ့လာတဲ့ပညာရပ် တွေ၊ အဲဒါတွေကို သုတေသနလုပ်ကြ တယ်။ သူတို့ဆီမှာဆိုရင် ကမ္ဘာ့နိုင်ငံ တစ်ခုခုကိုထောက်လိုက်တာနဲ့ ဒီနိုင်ငံ မှာ လူဦးရေဘယ်လောက်ရှိတယ်။ဘာစီးပွားရေးတွေ လုပ်ကိုင်ကြတယ် ဆိုတာမျိုးတွေအထိ လေ့လာနိုင်တယ်။အခုရန်ကုန်တက္ကသိုလ်မှာလဲ အဲဒီ လောက်ထိကိုမျှော်မှန်းပြီး ဒီစင်တာ တည်ထောင်ဖို့လုပ်နေတယ်''ဟု ရန် ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာအောင်သူက ပြောသည်။

ရန်ကုန်တက္ကသိုလ်နှင့် သြစတြေး National University တို့အ ကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးထားပြီး အဆိုပါနားလည်မှု စာချွန်လွှာများအရ Student Exchange, Staff Exchange,Faculty Exchange, Collaboration Re-search များ အဓိကထားလုပ်ဆောင် နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

''ဒီသုတေသနလုပ်ငန်းကြီးက လူတွေရဲ့ဖြစ်တည်မှုတွေကို ပညာရပ် ဆိုင်ရာအရ လေ့လာတာ မြန်မာနိုင်ငံ မှာမရှိသေးဘူး။ Faculty တွေ ပြန်ဖွဲ့ ရင် ဒီလိုစင်တာမျိုးတွေကိုလဲ ထပ်တိုး ချဲ့ရမယ်။ အခု သင်တန်းသား ၁၂ဦး လွှတ်ထားတယ်ဆိုတော့ နောက်ခြောက် လလောက်နေရင်တော့ လူကုန်လောက် လွှတ်ပြီးလောက်ပါပြီ။ အဲဒီအခါ ကျရင် ဆရာတို့ဆီမှာ Resource Persons ရပြီ။ သူတို့နဲ့ပေါင်းပြီး တည် ထောင်မယ်ဆိုထောင်လို့ရပြီ။ ဆရာ တို့ဆီမှာအဲဒါနဲ့ပတ်သက်ပြီး မေဂျာ မရှိတဲ့အတွက် ဒါကိုစိတ်ဝင်စားတဲ့ သူတွေကို မေဂျာစုံကနေရွေးပြီးလွှတ် ထားရတယ်။ ဒီတော့ စင်တာတည် ထောင်မယ်ဆိုရင် နောက်ထပ်ဝါသ နာပါတဲ့သူတွေနဲ့ လုပ်ရမှာပေါ့။ အဲဒီ အတွက် Resource Persons ရသွား တာပေါ့''ဟု ဒေါက်တာအောင်သူက ထပ်မံပြောကြားသည်။



ရန်ကုန်၊ အောက်တိုဘာ ၂၃
CCT
‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...