Tuesday, October 21, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတပ်နယ် လှည့်လည်ကြည့်ရှုစစ်ဆေး




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေး တပ်နယ် ပင်မအလုပ်ရုံ(လျှပ်/စက်)တပ်သို့ ရောက်ရှိရာ အလုပ်ရုံအတွင်းယာဉ်များ ပြင်ဆင် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ဆင်လျှက် ရှိသော စစ်ဘက်/နယ်ဘက် ခေတ်လွန်ယာဉ်များမှာ သမိုင်းမှတ်တမ်းအရ တန်ဖိုးမဖြတ်နိုင်၍ စနစ်တကျပြုပြင်ထိန်းသိမ်းသွားရန်၊ မော်ကွန်း/သမိုင်းမှတ်တမ်းအရ ရိုက်ကူးရေးလုပ်ငန်းများ တွင် အသုံးပြုရန် အကူအညီ တောင်းခံလာပါက ကူညီဆောင်ရွက်ပေးသွားရန်နှင့် ပြင်ဆင်ရန် ကျန်ရှိသော ယာဉ်များအား ပြီးစီးအောင် ဆက်လက်ပြင်ဆင်သွားရန်မှာကြားသည်။

အဆိုပါအလုပ်ရုံတွင် စစ်ဘက်ခေတ်လွန်ယာဉ် အမျိုးအစား (၂၁)မျိုးနှင့် နယ်ဘက် ခေတ်လွန်ယာဉ် အမျိုးအစား (၂၄)မျိုးတို့အား မူလပုံစံမပျက် ပြင်ဆင်မွမ်းမံ ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာပုံ သတင်းစာတိုက်သို့ ရောက်ရှိပြီး ဌာနချုပ်ရုံးတွင် တာဝန်ရှိသူတစ်ဦးမှ ရတနာပုံ သတင်းစာ ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်နှင့် ဖြန့်ချိရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းဦး၊ သတင်းထူးများကို လတ်ဆတ်စွာ ဖော်ပြ ပေးရန်၊ သတင်းရယူဖော်ပြရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု တို့အရ ပြည်သူမှ ယုံကြည်မှုရအောင် ဇွဲ၊ လုံ့လ၊ ဝီရိယ ထား၍ စိတ်ရှည်စွာဖြင့် အပင်ပန်းခံပြီးဆောင်ရွက်ရန်၊ သတင်းစာ၏ ပုံနှိပ်အရည်အသွေး၊ စာရွက်အရည်အသွေးနှင့် သတင်းဓာတ်ပုံများ ကောင်းမွန်မှု ရှိရေး ကြိုးစားလုပ်ဆောင်ရန်တို့အား မှာကြားခဲ့သည်။




ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သတင်းစာတိုက် အတွင်း သတင်းစာရိုက်နှိပ်မှုလုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့သည်။



ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်း ဆောင်တွင် တာဝန်ရှိသူတို့က စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြမှု အပေါ် ဥစားကြက်များအား ကြက်ဥ သက်တမ်းအလိုက် အဆက်မပြတ် မွေးမြူနိုင်ရေး၊ ဒေသတွင် စံနမူနာပြ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မိသားစုဝင်များအား သက်သာသော ဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် ရောင်းချနိုင်ရေးဆောင်ရွက်သွားရန်တို့ မှာကြား ခဲ့သည်။

ထို့နောက် Evap Type (အအေးပေးစနစ်) ဥစားကြက်မွေးမြူရေးခြံ၊ ငါးမွေးမြူရေးကန်၊ DYL မျိုးဝက်မ မွေးမြူရေးခြံများသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ဖြည့်စွက်မှာကြား ခဲ့ကြောင်းသတင်းရရှိသည်။

မြဝတီ






0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...