Tuesday, October 21, 2014

လိင်တူအချင်းချင်းကြား အနမ်းတွေခြွေတဲ့ ဆန္ဒပြပွဲတစ်ခု ပြုလုပ်





လိင်တူအချင်းချင်း အနမ်းခြွေနေကြတာတွေ့လို့ မကျေနပ်တဲ့အတွက် တိုင်တမ်းခဲ့တဲ့ ဈေးဝယ်သူတစ်ဦးကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ လိင်တူအချင်းချင်းကြား အနမ်းတွေခြွေရင်း ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Annabelle Paigeဟာ သူ့ကောင်မလေးပါးကို နမ်းနေတာကို အ မြင်မတော်ရှက်စရာကောင်းတယ်လို့ မိခင်တစ်ဦးက လုံခြုံရေးဖြစ်သူကို ပြောဆိုခဲ့ရာ အဲဒီစုံတွဲနှစ်ဦး ထိုအပြုအမူကို ရပ်တန့်ဖို့နဲ့ အဲဒီနေရာကနေ ထွက်သွားကြဖို့ ပြောဆိုခံခဲ့ကြပါတယ်။ ဒီဖြစ်ရပ်က Sainsbury’s Brighton Branch မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီ အဖြစ်အပျက်ကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဆန္ဒပြမှုတစ်ရပ်ကို Sussex တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ပြုလုပ်ခဲ့ပါတယ်။

အသက် (၂၂) အရွယ်ရှိသူ Miss Paige က စတိုင်းဆိုင်မှာ သူ့ချစ်သူကို အနမ်းဖွဖွလေးသာပေးခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။ ကျွန်မအရမ်းအံ့သြသွားပြီး ဒေါသလည်းထွက်ထွက်ခဲ့တယ်လို့ Times ကိုပြောဆိုခဲ့တယ်။ တခြားဈေးဝယ်လာဝယ်သူတွေ စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုရင် ဒါမကောင်းဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ပြဿနာက တခြားဈေးလာဝယ်ယူသူတွေက သူ့လိုမဖြစ်ကြပါဘူးလို့ သူမက ဆိုပါတယ်။ Miss Paige တက်နေတဲ့ Sussex တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂက မတော်တဆအားဖြင့် သူမကို ဝမ်းနည်းကြေကွဲမှု၊ ဒေါသထွက်တဲ့ စိတ်ခံစားချက်ဖြစ်အောင် ပစ်ထားခံခဲ့တာပါလို့ ထပ်မံပြောဆိုခဲ့တယ်။

Katy Perry နဲ့ Prince လို ဂီတအနုပညာရှင်တွေရဲ့ အချစ်သီချင်းတစ်ပုဒ်ထဲမှာလည်း စတိုးဆိုင်အတွင်း စုံတွဲတွေ ဖက်နမ်းနေခဲ့တာမျိုးတွေ ပါဝင်ပါတယ်တဲ့။ ကျားမ ဒါမှမဟုတ် လိင်ကိစ္စဘယ်လိုရှိပါစေ လူတိုင်း အကြင်နာတရား ပြသခွင့်ရှိတယ်လို့ သူ့မိန်းမ Caroline (၃၇)နှစ် နဲ့အတူ ဆန္ဒပြအနမ်းပေးပွဲ အစီအစဉ်ကို တက်ရာက်ခဲ့သူ အသက် ၃၃ ရှိ Sara Fogg ပြောဆိုခဲ့တယ်။ ဒီလိုနည်းဖြင့် အားပေးရပ်တည်ပေးတာ ကောင်းတယ်လို့ ထင်တယ်။ Stephanie Powell နဲ့ Phelim Mac Cafferty နှစ်ဦးလုံးလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး အဲဒီဈေးဝယ်သူနဲ့ လုံခြုံရေးရဲ့ လုပ်ရပ်ကို ခေတ်နောက်ကျတဲ့ လုပ်ရပ်အဖြစ် ဖော်ပြပြောဆိုခဲ့ကြတယ်။

စုံတွဲနှစ်ဦးအတွက် စာနာနားလည်မှု ရှိရမှာဖြစ်သလို ကျုပ်ဆိုရင်လည်း ဒီနေရာမှာ ဘယ်တော့မှဈေးဝယ်ထွက်ဖြစ်တော့မှာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး Supermarket ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးေ ပြောဆိုရာမှာ ကျွန်ုပ်တို့ ဒီက လူတွေဖြစ်စေချင်တဲ့ အချက်ကို နားလည်ပါတယ်။ နောက်ပြီး ခုလို ကျွန်မတို့ စတိုးဆိုင်ကို အနမ်းတွေလာပေးသူကို ကြိုဆိုရတာ ပျော်ရွှင်ကြောင်း ပြောဆိုပါတယ်။ အားလုံးပျော်ရွှင်နေကြတွေ့တော့ ဝမ်းသာတယ်။ ဘယ်လောက်တန်ဖိုးရှိတဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း လူတိုင်းအတွက် အသိတရားရစေတဲ့ အခွင့်အရေးတဲ့အတွက် ဝမ်းသာပါတယ်လို့လည်း ဆိုပါတယ်။

Source: Express

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...