
လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲကို အချိန် မရွှေ့ဆိုင်းဘဲ ကျင်းပပေးမည်ဖြစ် ပြီး ရွေးကောက်ပွဲ ပြုလုပ်ပြီးပါက တာဝန်မှ အနားယူတော့မည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
အောက်တိုဘာ ၂ဝရက်က မီကာဆာဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးအပြီးတွင် မီဒီယာ များကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းနိုင်ငံရေးအခြေအ နေများကြောင့် ရွေးကောက်ပွဲကျင်း ပမည့်အချိန်ကို ရွှေ့မည်ဟု ဝေဖန် သံများ ထွက်ပေါ်နေသော်လည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားသည့်အတိုင်း ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင် ကျင်းပပေးမည် ဖြစ်ကြောင်း ဥက္ကဋ္ဌက ဆက်လက် ပြောသည်။ ကော်မရှင် ဥက္ကဋ္ဌသည် အဆိုပါရွေးကောက်ပွဲ ပြီးစီးပါက လက်ရှိတာဝန်မှ အနားယူတော့မည် နှင့်ပတ်သက်ပြီး ယင်းက''ကျွန်တော် လဲ နှစ်ကုန်ရင် နားရတော့မယ်၊ နား လဲနားပါ့မယ်။ လွတ်လပ်တဲ့၊ တရား မျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးပြီးရင် နားမှာပါ''ဟု ပြည်တွင်းမီဒီယာများ သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။
လက်ရှိအစိုးရအနေဖြင့် ပထမ အကြိမ် ပြည်သူ့လွှတ်တော်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလတွင် ခေါ်ယူခဲ့ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်းမှာ ငါးနှစ်ဖြစ် သည့်အတွက် ယင်းလွှတ်တော်သက် တမ်းသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ရွေးကောက် ပွဲကော်မရှင်က နောက်တက်လာ မည့် အစိုးရသစ်ကို ပြည်သူများက ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပ ပေးရမည်ဖြစ်သည်။
''ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့လဲ မရှိပါဘူး။ ပြည်သူ့လွှတ်တော် ဒုတိ ယသက်တမ်းကို ကျွန်တော်ခေါ်ပေး ရပါမယ်။ ဒီလိုခေါ်ပေးနိုင်အောင် ရွေးကောက်ပွဲကျင်းပပေးရပါမယ်''ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ဝ
NTDW
Democracytoday
0 comments:
Post a Comment