
ထိုင်း သံအမတ်ကြီး HE.Mr.Pisanu Suvanajata နှင့် ဇနီး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေနှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်း၍ လှိုင်မြို့နယ် ဗဟိုလမ်းမ ပေါ်ရှိ မေတ္တာဝါဒီဘုန်းကြီးကျောင်း တွင် အောက်တိုဘာ ၁၈ရက်က သုံး ထပ်ဆွမ်းချက်ကျောင်းဆောင်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကထိန်ခင်း ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ လှူဒါန်းရခြင်း ရည် ရွယ်ချက်မှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထောက်အကူပြု နိုင်ရေးအတွက်ဖြစ်သည်ဟု သိရ သည်။
''အထိမ်းအမှတ်တစ်ခုခုအတွက် ရည်ရွယ်ပြီး လာလှူကြတာ မဟုတ် ပါဘူး။ အဓိကကတော့ သုံးထပ်ဆွမ်း ချက်ဆောင်လှူတာပါ၊ တန်ဖိုးအား ဖြင့်တော့ ကျပ်သိန်း ၅ဝဝကျော်ကုန် ကျပါတယ်။ တစ်ပြိုင်တည်း ကထိန်ပါ ခင်းကြတာပါ'' ဟု မေတ္တာဝါဒီဘုန်း ကြီးကျောင်းဂေါပကအဖွဲ့ကြီးကြပ် ရေးကော်မတီအဖွဲ့ဝင် ဦးလှထွန်းက ပြောသည်။
အဆိုပါလှူဒါန်းပွဲတွင် သပြေ ပင်ဆရာတော်နှင့် ကျိုက်ပိဆရာတော် တို့မှ သီလပေးတရားနှင့် အနုမော ဒနာတရားများ ဟောကြားပေးခဲ့ပြီး ဘုန်းတော်ကြီးအပါး ၂ဝကျော်နှင့် တက်ရောက်လာသည့် အလှူရှင်များ မှ ရေစက်ချ တရားနာခဲ့သည်ဟု သိရ သည်။
''ဆွမ်းချက်ဆောင်အတွက် လှူ ဒါန်းတာက ကုန်ကျငွေက သိန်း ၅ဝဝ ကျော်တယ်။ ကထိန်ခင်းဖို့အတွက် လှူဒါန်းငွေထဲက ကုန်ကျစရိတ်အ ပြင် အပိုငွေကျပ် သိန်း ၂ဝကျော်ကျန် ပါတယ်။ အဲဒီလက်ကျန်ငွေကိုတော့ အလှူရှင်တွေ လက်ထဲမှာပဲထားပြီး နောက်တစ်ကြိမ် ဒီကျောင်းမှာ လာ လှူတဲ့အခါ ထည့်သွင်း လှူဒါန်းသွား မှာပါ''ဟု အဆိုပါလှူဒါန်းပွဲအခမ်းအ နား၌ အခမ်းအနားမှူး အဖြစ်ဆောင် ရွက်သည့် အလှူရှင်ဒေါ်သင်းသင်း အောင်က ပြောသည်။
သုံးထပ်ဆွမ်း ချက်ဆောင်လှူဒါန်းမှုအပြင် ကထိန် အလှူအတွက် အလှူရှင်များမှ စုစု ပေါင်း လှူဒါန်းငွေကျပ် ၁၁၃သိန်း ကျော်ရရှိခဲ့ပြီး ကုန်ကျငွေမှာ ၉၂ သိန်းကျော် ရှိသဖြင့် လက်ကျန်အလှူ ငွေ သိန်း ၂ဝကျော်အား နောက်ထပ် တစ်ကြိမ် ထပ်မံလှူဒါန်းရန် သိမ်း ဆည်းထားသည်ဟု သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁
TZO(MMK)
Democracytoday
0 comments:
Post a Comment