Wednesday, October 22, 2014

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အင်ဒိုသမ္မတနှင့် အိန္ဒိယ၀န်ကြီးချုပ်တို့ သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံဖွယ်ရှိ





ပြီးခဲ့သည့်လများအ တွင်း လွတ်လပ်သည့်ရွေးကောက် ပွဲဖြင့် အနိုင်ရခဲ့သော အင်ဒိုနီးရှား
သမ္မတသစ် ဂျိုကိုဝီဒိုဒိုနှင့် အိန္ဒိယ၀န်ကြီးချုပ် နရင်ဒြာမိုဒီတို့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်တွင် ပထမဆုံးအကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံဖွယ်ရှိကြောင်း သတင်းရရှိသည်။

(၂၅) ကြိမ်မြောက် အာဆီ ယံထိပ်သီးအစည်းအဝေးကို နေ ပြည်တော်တွင် နိုဝင်ဘာ ၁၂ နှင့်
၁၃ ရက်တွင် ကျင်းပမည်ဖြစ် ပြီး အာဆီယံ ၁၀ နိုင်ငံအပြင် ဆွေး နွေးဖက်နိုင်ငံများဖြစ်သည့် အမေ ရိကန်ပြည်ထောင်စုနှင့် အာရှ ရှစ် နိုင်ငံတွင် ရုရှားမှအပ ထိပ်တန်း အစိုးရခေါင်းဆောင်များအားလုံး တက်ရောက်မည်ဖြစ်သည်။

‘‘အိန္ဒိယ၀န်ကြီးချုပ်က လာ မယ်လို့ မနေ့ကပဲ အတည်ပြုလာ ပါတယ်။ အင်ဒိုသမ္မတကတော့ မနေ့ကမှ သမ္မတအဖြစ် ကျမ်း ကျိန်တော့ ဒီနေ့ကစပြီး သူလက် မှတ်ထိုးစရာတွေ၊ အတည်ပြုစရာ တွေ စလုပ်မှာဖြစ်တယ်။ ဒါပေမဲ့ ဂျိုကိုဝီကို ကျွန်တော်တို့ ဖိတ်ထား ပြီးဖြစ်တယ်။ လာဖို့ရှိပါတယ်။ သမ္မတကြီးနဲ့ သီးသန့်တွေ့ဆုံခွင့် ကို သူတို့ တောင်းနိုင်ဖွယ်ရှိပါ တယ်။ ကျွန်တော်တို့ဘက်က စီ စဉ်ပေးမှာပါ’’ ဟု နိုင်ငံခြားရေးဝန် ကြီးဌာန အာဆီယံရေးရာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦး အောင်လင်းက ပြောသည်။

သို့သော် ရုရှားနိုင်ငံမှ နိုင်ငံ ခြားရေးတာဝန်ရှိသူ ကိုယ်စား လှယ်အဆင့်သာ လာရောက်မည် ဖြစ်ပြီး သမ္မတပူတင်လာရောက် မည်မဟုတ်ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။

သြဂုတ်လက နေပြည်တော် တွင်ကျင်းပခဲ့သည့် (၂၄) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေး၌ အင်ဒိုသမ္မတဟောင်း ဆူဆီလိုဘန်ဘန်းယူဒိုရိုနို သမ္မတအဖြစ် နောက်ဆုံးတက်ရသည့် အစည်းအဝေးဖြစ်ခြင်းကြောင့် အာဆီယံခေါင်းဆောင်များက အစည်းအဝေးတွင် ဂုဏ်ပြုနှုတ် ဆက်ခဲ့ကြသည်။

အာဆီယံအပေါင်းသုံးနိုင်ငံ ဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား၊ အရှေ့အာရှ အတွင်းမှ အိန္ဒိယ၊ သြစတြေးလျ၊ ရုရှား၊ နယူးဇီလန်အနက် ရုရှားမှ လွဲ၍ ကျန်ထိပ်တန်းခေါင်းဆောင် များနှင့် အမေရိကန် သမ္မတအိုဘားမားတို့မှာ မြန်မာသို့ တစ်ကြိမ်လာရောက်ထားပြီး ဖြစ်သည်။

အင်ဒိုနီးရှားသည် အာဆီယံ ဒေသတွင်း ဒီမိုကရေစီစနစ် အား အကောင်းဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီ နိုင်ငံလည်းဖြစ်သည်။ ထို့ပြင် အင် ဒိုနီးရှားရွေးကောက်ပွဲမှာ လွတ် လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲဖြစ်ကြောင်း သမ္မတဦး သိန်းစိန်က အာဆီယံထိပ်သီးအ စည်းအဝေးကာလအတွင်း ချီးမွမ်း ပြောကြားခဲ့သည်။ ဂျိုကိုဝီမှာ စစ် အာဏာရှင်ဟောင်း ဆူဟာတို၏ သြဇာအာဏာအောက်မှ ကင်း လွတ်ပြီး မည်သည့်လောင်းရိပ် အောက်တွင်မှ မရှိသည့် အရပ် သားစစ်စစ် သမ္မတအသစ်လည်း ဖြစ်သည်။

အိန္ဒိယ၀န်ကြီးချုပ် မိုဒီမှာ သြဇာကြီးမားသော ပြိုင်ဘက် ကွန်ဂရက်ပါတီကို အတိုက်အခံ BJP ပါတီက ဖြတ်ကျော်အောင် ပွဲခံခဲ့ပြီးနောက် ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း လာ မည့်နှစ်တွင် သမ္မတနောက်တစ် ကြိမ် သက်တမ်းအတွက် ရွေး ချယ်ခွင့် အပါအ၀င် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ် ၍ ထိပ်သီးအစည်းအဝေးကာလ အတွင်း အင်ဒိုနှင့် အိန္ဒိယနှစ်နိုင်ငံ နှင့် မြန်မာသမ္မတတို့ သီးခြားတွေ့ ဆုံမှုရှိ၊ မရှိမှာ ပြည်တွင်းပြည်ပ နိုင်ငံရေးစောင့်ကြည့်သူများကြား စိတ်ဝင်စားစရာဖြစ်လာနေသည်။

အိန္ဒိယ၀န်ကြီးချုပ်နှင့် စီး ပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဟု အိန္ဒိယ၀န်ကြီး ချုပ် ၀က်ဘ်ဆိုက်တွင် ဖော်ပြထား သည်။

Wednesday, October 22, 2014
7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...