Tuesday, October 21, 2014

အစ္စလာမ်မစ် နိုင်ငံများ၌ မြန်မာ သင်္ဘောသားများအား ကမ်းဆင်းခွင့် ပိတ်ပင်



အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် IS အဖွဲ့သားများသည်
  မြန်မာနိုင်ငံကို ဦးတည် တိုက်ခိုက်မှု ပြုလုပ်ရန် ရည်ရွယ်ပြီး မြန်မာ သင်္ဘောသားများအား တိုက်ခိုက်မှုများ ပြုလုပ်မည်ကို စိုးရိမ်၍ နိုင်ငံခြား သင်္ဘောလိုင်းများမှ မြန်မာ သင်္ဘောသား များအား အစ္စလာမ်မစ် နိုင်ငံများသို့ သင်္ဘော ဆိုက်ကပ်ပါက ကမ်းဆင်းခွင့် ပိတ်ပင်ထားကြောင်း မြန်မာ သင်္ဘောသားများ အသိုင်းအဝိုင်းထံမှ သိရသည်။

''သူကြီးကတော့ လုံခြုံရေးအရ ပိတ်တယ်လို့ ပြောတာပါပဲ။ သင်္ဘောက အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ အိုမန်ကိုသွားတော့ ကျွန်တော် တစ်နိုင်ငံမှ ဆင်းလို့မရဘူး။ သူတို့နိုင်ငံတွေက ရဲတွေကလည်း မြန်မာသင်္ဘောသားတွေရဲ့ လုံခြုံရေးကို တာဝန် မယူပေးနိုင်တာကြောင့် မဆင်းတာက ပိုအဆင်ပြေပါတယ်။ လက်ရှိ အချိန်မှာတော့ သင်္ဘောလိုင်း အများစုက မြန်မာ သင်္ဘောသားတွေကို အစ္စလာမ်မစ် နိုင်ငံတွေမှာ ကမ်းပေါ် တက်ခွင့်မပေးဘူး''ဟု CDC စာအုပ်နံပါတ် နှစ်သောင်းကျော် ကိုင်ထားသည့် ဦးမျိုးဝင်းက ပြောသည်။

သင်္ဘောလိုင်းများမှ မြန်မာ သင်္ဘောသားများကို အစ္စလာမ်မစ် နိုင်ငံများ၌ ကမ်းဆင်း ခွင့်ပြုပေးသော်လည်း အဆိုပါ သင်္ဘောသားများ ဆင်းသည့် သက်ဆိုင်ရာ အစ္စလာမ်မစ် နိုင်ငံ ဆိပ်ကမ်းများသည် မြန်မာ သင်္ဘောသားများ ဆိုလျှင် ကမ်းဆင်းခွင့် (Show Pass) ကို ပိတ်လိုက်ခြင်းကြောင့် မြန်မာ သင်္ဘောသားများ အနေဖြင့် အစ္စလာမ်မစ် နိုင်ငံများ၌ ကမ်းဆင်းခွင့် မရရှိကြောင်း သိရသည်။ မြန်မာ သင်္ဘောသားများကို ကမ်းဆင်းခွင့် ပိတ်သည့် အစ္စလာမ်မစ် နိုင်ငံများမှာ အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ ဆီးရီးယားနှင့် လက်ဘနွန် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...