Friday, October 24, 2014

IS အဖွဲ့ ခေါင်းဆောင်သည် CIA အဖွဲ့ဝင် ဖြစ်ကြောင်း ချေချင်ညာ ခေါင်းဆောင် ပြောကြား



အဘူဘာကာအယ်လ်-ဘက်ဒါဒီအဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘရာ ဟင်ဆမာရီ သည် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA) အတွက် အလုပ်လုပ်ပေးနေသည့် အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် က ပြောကြားခဲ့သည်။

ဘက်ဒါဒီသည် ၎င်း၏ မျက်နှာဖုံးကို ချွတ်၍ CIA အမှုထမ်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဝန်ခံ ပြောကြားသင့်ကြောင်း ကာဒီရော့ဗ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ မျိုးနွယ်စုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် ရက်စက်ကြမ်းတမ်းသော လုပ်ရပ်များကို ဝန်ခံ ပြောကြားရန် ဆမာရီ ကို   ချေချင်ညာ   ခေါင်းဆောင်က တောင်း ဆို ခဲ့ကြောင်း သိရသည်။

 အနောက်နိုင်ငံများရှိ ထောက်လှမ်းရေး အဖွဲ့များသည် အကြမ်းဖက် သမားများကို နည်းလမ်း
အမျိုးမျိုးဖြင့် အကူအညီများ ပေးလျက်ရှိကြောင်း၊ IS စစ်သွေးကြွများနှင့် ပူးပေါင်းမည့် ချေချင်ညာ မျိုးနွယ်စုများကိုလည်း ဒေသအတွင်းသို့ ပြန်လာခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ချေချင်ညာဒေသရှိ တပ်ဖွဲ့ဝင်များသည် ဆမာရီနှင့် အခြား IS စစ်သွေးကြွများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...