Friday, October 24, 2014

နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများ၏ ဘုံသဘောထားထုတ်ပြန်



ရခိုင်ပြည်နယ်အတွင်းအကောင်အထည်ဖော်နေသည့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းနှင့်ပက်သက်၍ ရခိုင်ပြည်သူများ၏ ဘုံသဘောထား ထုတ်ပြန်ချက်တစ်စောင်ကို အောက်တိုဘာ ၁၉ ရက်က
ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

အဆိုပါဘုံသဘောကြေညာချက်ကို စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက် သမ္မာသင်္ကပ္ပဓမ္မာရုံတွင် ဥပဒေပညာရှင်များ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှကိုယ်စားလှယ် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပသော ''နိုင်ငံသားနှင့်နိုင်ငံသားပြုခွင့်ရသူများဆိုင်ရာဥပဒေ၊ နည်း ဥပဒေ အလုပ်ရုံဆွေးနွေးပွဲ''တစ်ရက်ပြုလုပ်ကာ ရရှိလာသည့်ဆုံးဖြတ်ချက် များအပေါ်အခြေခံကာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

  ကြေညာချက်တွင် အချက်(၁ဝ) ချက်ပါဝင်ပြီး အဓိကအားဖြင့် နိုင်ငံ သားနှင့်နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ မြို့နယ်အဆင့်စုံစမ်းစစ်ဆေးရေးအ ဖွဲ့ဝင်(ရခိုင်တိုင်းရင်းသား) မြို့မိမြို့ဖနေရာများရွေးချယ်ရာတွင်
 မြို့သူမြို့ သားများ၏ဆန္ဒအတိုင်း ရွေးချယ်ပေးရမည်ဟုဖော်ပြထားပြီး ဘင်္ဂါလီလူမျိုး အချို့သည် ရခိုင်(သို့မဟုတ်) ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားစိစစ်ထား ရေးကတ်ပြားများရယူ ကိုင်ဆောင်ကြသည် ဟုလေ့လာတွေ့ရှိထားရသ ဖြင့်အဆိုပါ နိုင်ငံရေးစိစစ်ရေးကတ်ပြားများကို ပြန်လည်စိစစ်ပေးရန်
 တောင်းဆိုကြောင်း၊ ထိုကဲ့သို့ပြန်လည်စိစစ်ရာတွင် ရခိုင်လူမျိုးများနှင့် ကမန်အသိုင်းအဝိုင်း တို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ ၂ဝ၁၄ ခုနှစ် မတ်လနှင့်ဧပြီလ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ခံမှု အတွင်း ရိုဟင်ဂျာဖြစ်ကြောင်း ခံယူခဲ့ကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည် ဆဲဥပဒေများကို ဆန့်ကျင်ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်သဖြင့် ထိုသူ များအား တည်ဆဲ ဥပဒေများနှင့် အညီ နိုင်ငံသားစိစစ်ခြင်းမပြုလုပ်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။ ကြေညာချက်အမှတ် (၉)တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အမှန်တကယ် မြန်မာနိုင်ငံသား၊ မြန်မာ နိုင်ငံသားပြုခွင့်ရသူ ဘင်္ဂါလီများအား ဥပဒေပါအခွင့်အရေးများပေးပြီး ဥပဒေနှင့်မညီညွတ်သူများကို ခိုးဝင် ဘင်္ဂါလီများ အဖြစ်သတ်မှတ်ကာ ဥပ ဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူပေးရန်တောင်းဆိုကြောင်း ဆက်လက်ဖော်ပြထားသည်။

ညိုသဏ်း ၊ စစ်တွေ
Yangon Time Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...