Thursday, October 23, 2014

အိန်ဂျယ်လမုန် သွားရောက် ယှဉ်ပြိုင်မည့် Miss Intercontinental 2014 ပြိုင်ပွဲကို လက်ခံကျင်းပမည့် နိုင်ငံ အပြောင်းအလဲဖြစ်




ရန်ကုန်၊ အောက်တိုဘာ ၂၂။ အလှမယ် အိန်ဂျယ်လမုန် သွားရောက် ယှဉ်ပြိုင်မည့်  Miss Intercontinental 2014 ပြိုင်ပွဲသည် ဂျော်ဒန် နိုင်ငံမှ ဂျာမနီ နိုင်ငံ မက်ဒဘော့ဂ်မြို့သို့  
 ရွှေ့ပြောင်း လိုက်သည်ဟု Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်
 က မဇ္ဈိမကို ပြောသည်။ ယင်းပြိုင်ပွဲကို ဂျာမနီ နိုင် ငံ မက်ဒဘော့ဂ်တွင် နိုဝင်ဘာ ၂၂ ရက်မှ
ဒီဇင်ဘာ ၄ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ကို ဒီဇင်ဘာ ၄ ရက်၌ ကျင်းပမည်
 ဖြစ် သည်။

အဆိုပါ ပြိုင်ပွဲကို ဂျော်ဒန် နိုင်ငံတွင် ကျင်းပရန် စီစဉ်ထား သော်လည်း ယင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ များတွင် မငြိမ်မသက် ဖြစ်နေခြင်းကြောင့် ပြိုင်ပွဲ ကျင်းပ မည့် ရက်ကို ရွှေ့ဆိုင်း လိုက်ပြီး အီဂျစ်နိုင်ငံ၌ ကျင်းပရန် ပြင်ဆင် ခဲ့သေးသည်။

မူလက ယင်း ပြိုင်ပွဲကို ဂျော်ဒန် နိုင်ငံတွင် အောက်တိုဘာ ၁၇ရက် မှ ၂၇ရက် အထိ ကျင်းပရန် စီစဉ် ထားပြီး အလှမယ်အိန်ဂျယ်လမုန်သည် အောက်တိုဘာ၁၇ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ် ခဲ့သည်။ " ပထမ က စက်တင်ဘာ ၅ရက် ကနေ စထွက်ပြီးဂျော်ဒန် ကို သွားရောက် ယှဉ်ပြိုင် ရမှာပါ။ဒါပေမဲ့သွားခါနီး မှ ဒုတိယ အကြိမ် အီဂျစ်ကို ရွှေ့ပြောင်း သွားခဲ့ ပါတယ်။

အီဂျစ်နိုင်ငံ ကလည်း သူတို့ဘက်က ကြိုတင် စီစဉ် ထားတာ မရှိတော့ အခု နောက်ဆုံး ဂျာမနီ
 နိုင်ငံ ကို ရွှေ့ပြောင်းသွားခဲ့တာပါ" ဟု Miss Golden Land Myanmar Organization မှကိုဝေယံအောင်က ပြောသည်။အလှမယ်အိန်ဂျယ်လမုန် သည် မြန်မာနိုင်ငံ မှ နိုဝင်ဘာ
၂၂ ရက် တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည် ဖြစ်ပြီး ဒီဇင်ဘာ ၆ရက်တွင်   မြန်မာနိုင်ငံသို့   ပြန်လည်   ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ သည် သက်ကြီးရွယ်အို စောင့်ရှောက်ရေး နှင့် ခရီးသွား မြှင့်တင်ရေး   ခေါင်းစဉ်   ဖြင့်ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ မှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
ယင်း ပြိုင်ပွဲ တွင် အိန်ဂျယ်လ်လမုန်၏ နိုင်ငံကိုယ်စားပြု ဝတ်စုံ ကို ဒီဇိုင်နာ မပုံ့ (My Favourite) က
 စီစဉ် ချုပ်လုပ်ပြီး ညနေခင်း ဝတ်စုံ ကိုဒီဇိုင်နာ သျှီလာ မှ ဖန်တီး ချုပ်လုပ် ပေးမည်ဖြစ်သည်။

ဒီဇိုင်နာ မပုံ့ ချုပ်ပေးသည့်ဝတ်စုံသည် မြန်မာနိုင်ငံအတွင်း ရှိသည့် တိုင်းရင်းသား များ၏ နေထိုင်မှု ပုံစံ ပေါ်လွင်အောင် ချုပ်လုပ် ထားသည့် အပြင် တိုင်းရင်းသားများ အသုံးပြုသည့် ပစ္စည်း ၊ အဝတ်အစား များနှင့် အသုံးအဆောင် များကို ယင်းဝတ်စုံ၌ ထည့်သွင်း ဖန်တီး ပေးထားသည်။

Mizzima

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...