Tuesday, October 21, 2014

အလှစစ်ကို ဖော်ဆောင်နိုင်ခဲ့သူ Turia Pitt





Turia Pitt လို့ အမည်ရတဲ့ အမျိုသမီးဟာ သတ္တုတွင်းအင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး သြစတေးလျက အလှပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ သူမဘဝမှာ အဆိုးရွားဆုံး ကံကြမ္မာ အခြေအနေ တစ်ခုကို ခံစားခဲ့ရ ပါတယ်။ ယင်းကတော့ မီးလောင်ခြင်းပါ။ ၆၅ ရာခိုင်နှုန်းသော သူမရဲ့ ခန္ဓာကိုယ်ဟာ မီးလောင်သွားပြီး ခွဲစိတ်ကုသမှုပေါင်း ၁၀၀ ကျော်ကို ဆေးရုံမှာ ၈၆၄ ရက်တိတိ ပြုလုပ်မှု ခံယူခဲ့ရ ပါတယ်။ နောက်ဆုံး သူမ ပြန်ရလိုက်တဲ့ ရုပ်ရည်ကတော့ ပုံမှာ မြင်တွေ့ရသလိုပါပဲ။ ဒါပေမယ့် အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ ကမ္ဘာ့ ကံအကောင်းဆုံး အမျိုးသမီး တစ်ဦး အဖြစ် သြစတေးလျ အပတ်စဉ် အမျိုးသမီး မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အဖော်ပြခံခဲ့ရပြီ ဖြစ်ပါတယ်။

သာမန် အမျိုးသမီးတစ်ယောက်ဆိုရင် ကိုယ့်ကိုယ်ကို သက်သေကောင်း သက်သေမယ်။ ဘဝမှာ တစ်ယောက်တည်း ဆင်းဆင်းရဲရဲ နေရင်နေသွားမယ်။ သူမကတော့ မိုင်ပေါင်း ၁၃၀၀ ကျော်တဲ့ ခရီးကို စက်ဘီးနဲ့ ဆစ်ဒနီကနေ Uluru အထိ မောင်းနှင်ပါတယ်။ တရုတ်ပြည် ဂရိတ်ဝေါတစ်လျှောက် လမ်းလျှောက်ပါတယ်။ ၁၂ မိုင်စာ ခရီးကို မနားတမ်း ရေကူးပါတယ်။ ဒါတွေကို တစ်နှစ်ထဲအတွင်း ပြုလုပ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးမှာ ခွဲစိတ်ကုသမှုသဖို့ အတွက် ငွေလိုနေတဲ့ ချို့ယွင်းရောဂါသည်များ အတွက် ဖြစ်ပါတယ်။ ဒါအပြင် စာအုပ်တွေလည်း ရေးပါတယ်။ သူမရဲ့ ချစ်သူဟာ ပုံမှန် ကျန်းမာလှပစဉ်က ချစ်သူ ဖြစ်ပြီး ယခုအခြေအနေကို ရောက်သွားလဲ အချစ်တွေ ပျက်ပြယ်မသွား ပါဘူး။

သြစတေးလျရဲ့ အရောင်းရဆုံး မဂ္ဂဇင်းတွေပေါ်မှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်လာပြီး ပရဟိအဖွဲ့များရဲ့ သံတမန်လည်း ဖြစ်လာခဲ့ပါတယ်။ သူမ ကိုယ်တိုင်ရေးတဲ့ စာအုပ်များကလည်း အားငယ်နေသူတွေ၊ စိတ်ဓာတ်ကျနေတဲ့ သူတွေ၊ ဘဝကို အရှုံးပေးထားတဲ့ သူတွေအတွက် အားဖြစ်စေခဲ့ပြီး ရောင်းအားကောင်း စာအုပ်စာရင်းတွေထဲ ပါဝင်လာပါတယ်။ ပုံမှာ အတူ မြင်တွေ့နေရတာ ကတော့ သူမရဲ့ ချစ်သူပဲ ဖြစ်ပါတယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှပအပနဲ့ ပက်သက်လို့ သူမဟာ ယခုလို ပြောပါတယ်။

"မိမိကိုယ်ကိုယ် ယုံကြည်မှုဟာလည်း လူတိုင်းမှာ ရှိနိုင်တဲ့ အလှအပ တစ်ခုပါပဲ"

ေ အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...