
လာမယ့် ယူ ၂၀ ကမာ့ဖလားပြိုင်ပွဲမှာ လက်ရှိ အသင်းထက် ပိုကောင်းတဲ့ မြန်မာယူ ၁၉ အသင်းကို မြင်တွေ့ရမယ်လို့ နည်းပြ ဂတ်ဖရိုင်းဒရစ်က ပြောဆိုလိုက်ပါတယ်။
မြန်မာယူ ၁၉ အသင်းဟာ ဆီမီးဖိုင်နယ်မှာ ကာတာအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ၄ သင်း စာရင်းမှာ ပါဝင်ခဲ့တာကြောင့် ဖီဖာရဲ့ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ခွင့် ရရှိထားပါတယ်။၂၀၁၅ ဖီဖာ ယူ ၂၀ ပြိုင်ပွဲကို လာမယ့်နှစ် မေလမှာ နယူးဇီလန်နိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး မြန်မာယူ ၁၉ အသင်းအနေနဲ့ ပြင်ဆင်ချိန် ၇ လ ရရှိမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၇ လ ကျန်သေးကြောင်း၊ ကျန်ရှိနေတဲ့ အချိန်အတွင်းမှာ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်သွားပြီး လက်ရှိထက်ပိုကောင်းတဲ့ အသင်းကို နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားမှာ မြင်တွေ့ရမယ်လို့ နည်းပြက ပြောပါတယ်။
ကာတာအသင်းကို ရှုံးနိမ့်ခဲ့ပေမယ် အသင်းရဲ့ ခြေစွမ်းနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အားရကျေနပ်တယ်လို့လည်း ပြောပါတယ်။
အာရှယူ ၁၉ ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို အောက်တိုဘာ ၂၃ ရက်နေ့ ကျင်းပမှာ ဖြစ်ပြီး မြန်မာကို အနိုင်ရခဲ့တဲ့ ကာတာအသင်းနဲ့ ဥဇဘက်ကစ္စတန်ကို အနိုင်ယူပြီး တက်လာတဲ့ မြောက်ကိုရီးယားအသင်းတို့ ဗိုလ်လုကြမှာပါ။
ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်းကတော့ ဥဇဘက်အသင်းနဲ့ အတူ ပူးတွဲတတိယ ရရှိခဲ့ပါတယ်။
မြန်မာယူ ၁၉ အသင်းဟာ အာရှယူ ၁၉ ပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်တည်ဆောက်ခဲ့တဲ့ အသင်းဖြစ်ပြီး ဥရောပနိုင်ငံတွေအထိ သွားရောက်ကာ လေ့ကျင့်ရင်း ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားပြီး ပြင်ဆင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။
နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာလည်း မြန်မာယူ ၁၉ အသင်းအနေနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်ပြီး လေ့ကျင်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
Tuesday, October 21, 2014
DVB TV News
0 comments:
Post a Comment