Tuesday, October 21, 2014

အင်းလေးကို လာရောက်လည်ပတ်ခဲ့သော ဂျန်နာမလုန်း Batman v Superman ဇာတ်ကားသစ်မှာ ပါဝင်မယ်လို့ သတင်းထွက်



အင်းလေးကန်သို့ ဂျန်နာမလုန်း လာရောက်လည်ပတ်ခဲ့စဉ်က
အမေရိကန် သရုပ်ဆောင်မင်းသမီး ဂျန်နာမလုန်းသည် လင်းနို့လူသားနှင့် စူပါမန်းရုပ်ရှင်ဇာတ်သားသစ် Batman v Superman : Dawn of Justice ၌ ပါဝင်မည်ဟု The Hollywood Reporter သတင်းက အတည်ပြုသည်။

သို့ရာတွင် ဂျန်နာမလုန်းသည် လင်းနို့လူသား၏ ယခင်လက်ထောက် ရော်ဘင်အဖြစ် သရုပ်ဆောင်မည် (သို့မဟုတ်) အခြားသောဇာတ်ကောင်အဖြစ် သရုပ်ဆောင်မည်ဆိုသည်ကိုမူ အတည်မပြုနိုင် သေးကြောင်း The Holly wood Reporter သတင်းက ဖော်ပြသည်။

Sucker Punch မင်းသမီး ဂျန်နာမလုန်းကို လင်းနို့လူသားနှင့် စူပါမန်းရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကွင်း၌ တွေ့မြင်ဖူးသူများရှိသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကလည်း မလုန်းသည် The Dark Knight Returns ကာတွန်း စာအုပ်မှ ဇာတ်ကောင်တစ်ဦးဖြစ်သော အမျိုးသမီးရော်ဘင်၏ ဆံပင်အရောင်နှင့် ဆင်တူသည့် ဆံ ပင်အနီရောင်ဆိုးခဲ့ရာမှ Batman v Superman ဇာတ်ကားသစ်၌ ပါဝင်မည်ဆိုသော သတင်းများကို ပို၍ ပျံ့နှံ့စေခဲ့သည်။

Batman v Superman ဇာတ်ကားသစ်ကို ရိုက်ကူးနေသည့် ဒါရိုက်တာ ဇက်စနိုက်ဒါက ယခု ဇာတ်ကားသစ်သည် ၂၀၁၆ မတ်လတွင်မှ ထွက်ရှိမည် ဖြစ်သောကြောင့် ဇာတ်ကောင်သစ်များ ထပ်တိုးသည့်သတင်းမှာ ဆက်လက်ရှိနိုင်သေးသည်ဟု HuffPost သတင်းက ဖော်ပြသည်။

—Ref: The Huffington Post
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...