
ပထမဆုံးအကြိမ်ပြုလုပ် ခဲ့သော ဂီတဆုပေးပွဲတွင် ပရိသတ်အကြိုက်ဆုံးအနုပညာရှင် ဆု(I Love Artist)ရခဲ့သည့် စိုင်း စိုင်းခမ်းလှိုင်နှင့် ၀ိုင်းစုခိုင်သိန်းတို့ က ဆုရရှိခဲ့သော ရွှေတစ်ကျပ်သားကို ပရိသတ်များတွက် အ မှတ်တရအနေဖြင့် လှူဒါန်းသွား မည်ဟုပြောသည်။
ပရိသတ်အကြိုက်ဆုံးအနုပ ညာရှင်(အမျိုးသား)ဆုရရှိခဲ့သော စိုင်းစိုင်းခမ်းလှိုင်က အဆိုပါဆုကို ပရိသတ်ကိုယ်စားတက်ရောက် ယူပေးခြင်းဖြစ်ပြီး ပရိသတ်များ၏ နာမည်ဖြင့်လှူဒါန်းသွားမည်ဟု ကျေးဇူးတင်စကားပြောတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ၎င်း၏တရားဝင် Fan Pageတွင်လည်း ‘‘ဒီဆုက တော့ ပရိသတ်ပေးတဲ့လက် ဆောင်ပါပဲ။ ပင်ပန်းမှာစိုးလို့ Vote မလုပ်နဲ့တော့လို့ မှာထားပေမယ့် ဆုရတော့လည်း တကယ်ပျော်ပါ တယ်။ မေတ္တာဆိုတာအသွားအ ပြန်ရှိတယ်လို့ ကျွန်တော်အမှန်ယုံ တယ်။ အခွေမထွက်တာကြာနေ ပေမယ့် ကျွန်တော့်ဘက်က အမြဲ ရပ်တည်ပေးနေတဲ့အားလုံးအား လုံးကို ကျေးဇူးတင်ဦးညွှတ်ပါ တယ်။ ရွှေတစ်ကျပ်သားလက် ဆောင်ရလာတာဒီတစ်ပတ်အ တွင်းမှာ ပရိသတ်ကြီးကိုအမှူး ထားပြီး တစ်နေရာမှာလှူဒါန်းပါ မယ်’’ဟု ရေးသားထားသည်။
ပရိသတ်အကြိုက်ဆုံးအနုပ ညာရှင်(အမျိုးသမီး)ဆုရရှိခဲ့ သော ၀ိုင်းစုခိုင်သိန်းကကျေးဇူး တင်စကားပြောရာတွင် အဆိုပါ ဆုသည် သာမန်ဆုတစ်ခုမဟုတ် ဘဲ ပရိသတ်များတကယ်ချစ်သည် ဆိုသည်ကို သက်သေပြသည့်ဆု ဖြစ်သည်ဟုပြောကြားခဲ့သည်။
ဆုရရှိခဲ့သည့် ရွှေကို ၀ိုင်းစု ချစ်ပရိသတ်များကောင်းမှုအနေ ဖြင့် နေရာတစ်နေရာ၌ လှူဒါန်း လိုသောကြောင့် ရွှေတိဂုံဘုရား၊ နာရေးကူညီမှုအသင်း၊ မိဘမဲ့ဂေ ဟာ၊ ဘိုးဘွားရိပ်သာစသဖြင့် ပရိ သတ်များလှူဒါန်းလိုသည့်နေရာ ကို ရွေးချယ်ပေးနိုင်ရန် ၎င်း၏တ ရားဝင် Fan Page၌ ရေးသားထား ပြီး ပရိသတ်အများဆုံးလှူဒါန်းရန် ဆန္ဒရှိသည့်နေရာတွင် လှူဒါန်း ပေးသွားမည်ဟု ရေးသားထား သည်။
0 comments:
Post a Comment