Tuesday, October 21, 2014

အစ္စလာမ္မစ်တိုက်ပွဲ နိုင်ငံခြားမြေပြင်တပ်အကူ မလိုဟု အီရတ်ပြော






အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) သူပုန်တွေနဲ့ တိုက်ပွဲအတွက် နိုင်ငံခြားမြေပြင်တပ်ကူတွေ မလိုဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။

အီရတ်ခေါင်းဆောင် အယာတိုလာ အလီ အယ်လ် စစ်စတာနီနဲ့ ဆွေးနွေးအပြီး နာဂျက်မြို့မှာ သတင်းထောက်တွေကို ခုလို ပြောပါတယ်။

IRAQ-UNREST-SAHWA“အထောက်အပံ့နဲ့ အကူအညီတွေက အသုံးဝင်မှာ ဖြစ်ပမယ့် အကြီးဆုံး အားထုတ်မှုတွေ ကိုတော့ ကိုယ့်နိုင်ငံထဲက ကိုယ့်တပ်ဆီကပဲ လာဖို့ လိုတယ်အပြင် ကျနော်တို့ဟာ ကိုယ့်မြေ ကိုယ်လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိတယ်။ နိုင်ငံတကာ လေကြောင်းတပ်ကူတွေ ရှိပေမယ့် အဲဒီအပေါ်ချည်း အားကိုးမနေဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်လေတပ်ကိုယ် ပိုပြီး မှီခိုတယ်။ တချို့စနစ်တွေ မရှိလို့ နိုင်ငံတကာ အားထုတ်မှုတွေက အကူအညီရတယ်။”

အီရတ်စစ်တပ်ဟာ ဇွန်လက အိုင်အက်စ်တွေနဲ့ တိုက်ပွဲအတွင်း စစ်လက်နက် ကိရိယာ အများအပြားကို ချန်ခဲ့ပြီး သူတို့ ခြေကုပ်တွေကနေ ထွက်ပြေး စွန့်ခွာခဲ့ရတာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေက လေကြောင်းပစ်ကူတွေကို ပြီးခဲ့တဲ့ သြဂုတ်လက စပြီး အီရတ်အစိုးရကို ပေးနေခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ အီဂျစ်တို့က သူတို့ရဲ့ မြေပြင်တပ်တွေကို အီရတ်နိုင်ငံကို ပို့မှာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောခဲ့ကြပါတယ်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...