Sunday, August 31, 2014

ဓာတုပစ္စည်းတွေ မပါဝင်ပဲ သဘာဝအသီး အနှံတွေနဲ့ အခြေခံ ထုတ်လုပ်ထားတဲ့ Ame Aim ၀က်ခြံ တင်းတိပ်ပျောက် အလှကုန်ကို မြန်မာနိုင်ငံမှာ စတင်သုံးစွဲနိုင်တော့မည်ဟု ဆို

ခင်ဆွေသက်

A-ME co, Ltd က တင်သွင်းဖြန့်ချိမယ့် သဘာဝသစ်ဥသစ်ဖု ဆေးဖက်ဝင် အပင်တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့  Ame Aim Cosmetic အမျိုးအစားဟာဆိုရင်ဖြင့် ဂျပန် နိုင်ငံမှာ၂၇ နှစ်မျှ ဖြန့်ချိတင်သွင်း ရောင်းချနေပြီးဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာတော့ သိပ်မကြာခင် အနေအထားမှာ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ အဆိုပါ ထုတ်ကုန်တွေနဲ့ ပတ်သတ်ပြီး Ame Aim product ရဲ့ တီထွင်ဖော်စပ်သူ ဒေါက်တာ Taiko Sudo က ဘာ့ကြောင့် မြန်မာနိုင်ငံမှာ စတင်ဖြန့်ချိဖြစ်တော့မယ့်အကြောင်းနဲ့ ထုတ်ကုန်အကြောင်း ခုလိုပြောပြပါတယ်။

“ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်းမှာ ၀က်ခြံ၊ တင်းတိတ် ထွက်သူတွေ များပြားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကို တခြားနိုင်ငံက အလှကုန် ပစ္စည်းတွေ ဖြန့်ချိကြပေမဲ့ သုံးပုံသုံးနည်း အသေးစိတ်ကိုတော့ သေချာရှင်းပြမဲ့သူ မရှိတဲ့တွက်သူဟာ ဖြန့်ဝေပေးချင်တဲ့ ဆန္ဒနဲ့ မြန်မာနိုင်ငံမှာ ဒီ cosmetic ကို ဖြန့်ဝေဖို့ အကြံဥာဏ်ရခဲ့ပါတယ်။” လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် သူဟာ ဒီပစ္စည်းတွေကို တီထွင်ဖော်စပ်သူတစ်ယောက်ဖြစ်ပြီး သူတီထွင်တဲ့ အလှကုန်တွေထဲမှာ ထူးခြားတာတစ်ခုက  မျက်နှာ cleansing ဟာ လုံးဝ အမြှုပ်မထွက်ပါဘူးတဲ့။ အမြှုပ်မထွက်ခြင်းဟာဆိုရင်ဖြင့် အရေပြားကို ဆိုးကျိုး မဖြစ်စေပဲ အညစ်အကြေးတွေကို သန့်စင်စေပါတယ်တဲ့။ အညစ်အကြေးတွေကို သေချာသန့်စင်ပေးပြီး မှန်ကန်သော အလှကုန်ကို ရွေးချယ်သုံးခြင်းအားဖြင့် သင့်မျက်နှာအရေပြားကို ပိုမိုကောင်းမွန်လာစေပါတယ်လို့လည်း သူမက ရှင်းပြသွားပါတယ်။

ပါဝင်သုံးစွဲထားတဲ့ သဘာဝပစ္စည်းတွေကတော့ စပါး၊ ပြောင်းဖူး၊ ထောပတ်၊ ရှားစောင်းလက်ပတ် အပြင် တခြားဆေးဖက်ဝင် အပင်တွေဖြစ်ပြီး အရေပြားကို ဆိုးကျိုးဖြစ်စေမယ့် chemical ပစ္စည်းတွေကိုလည်း သုံးစွဲထားခြင်းမရှိပါဘူးတဲ့။

အလှအပနဲ့ပတ်သတ်ပြီး သူမရဲ့ ခံယူချက်ကိုတော့ “ခန္ဓာကိုယ်မှာ အစဉ်အမြဲ ကျန်းမာလှပ နေစေဖို့ သူ့သဘာဝအလျောက် ကြိုးစားနေဖို့လိုတယ်။ အဲ့လိုသဘာဝအလျောက် ကြိုးစားနေစဉ်အတွင်းမှာ တတ်နိုင်သမျှ ဓာတုပစ္စည်းတွေကို မသုံးပဲနဲ့ သဘာဝပစ္စည်းတွေနဲ့ ကျန်းမာစေချင်တာ သူ့ရဲ့စေတနာပါ”လို့  ဒေါက်တာ Taiko Sudo က ပြောပြသွားပါတယ်။

ခုရန်ကုန်မှာ စဖြန့်မှာကတော့ မျက်နှာနဲ့ပတ်သတ်တဲ့ ကုန်ပစ္စည်းများသာဖြစ်ပြီး ဂျပန်နိုင်ငံမှာတော့ ရှန်ပူတွေ၊ body နဲ့ပတ်သတ်တာတွေပါ ဖြန့်ချိထားပါတယ်တဲ့။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ၃၈၀၀၀ကျပ် ကနေစရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...