Thursday, August 14, 2014

နန်းတွင်းဒရာမာ ဇာတ်လမ်းတွဲကို ငြင်းပြီး ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးထားတဲ့ ဆန်းယီဂျင်း

တောင်ကိုရီးယား သရုပ် ဆောင်မင်းသမီး ဆန်းယီဂျင်း သည် KBS ရုပ်သံလိုင်း၏ နန်း တွင်းဒရာမာဇာတ်လမ်းတွဲသစ် The King's Face ၌ ခေါင်း ဆောင်မင်းသမီးအဖြစ် ပါဝင်သ ရုပ်ဆောင်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်ဟု ဆန်းယီဂျင်၏ အေဂျင်စီက ပြောသည်။
KBS ရုပ်သံလိုင်းသည် The King's Face ဒရာမာဇာတ်လမ်း တွဲ၌ ဆန်းယီဂျင်း ပါဝင်သရုပ် ဆောင်ပေးရန် ကမ်းလှမ်းခဲ့သော် လည်း ယီဂျင်းက ငြင်းပယ်ခဲ့ ကြောင်းနှင့် ၎င်း၏ လာမည့် အနု ပညာလှုပ်ရှားမှုမှာ ဒရာမာဇာတ် လမ်းတွဲမဟုတ်ဘဲ ရုပ်ရှင်ဇာတ် ကားဖြစ်လိမ့်မည်ဟု ဆန်းယီဂျင်း ၏ အေဂျင်စီက ပြောသည်။

လီဆန်းဂျယ်နှင့် ဆိုအင်ဂူ တို့သည်လည်း ယင်းဒရာမာဇာတ် လမ်းတွဲ၌ ခေါင်းဆောင်မင်းသား များအဖြစ် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်း ခံထားရသည်။

The King's Face ဒရာမာ ဇာတ်လမ်းတွဲကို Iron Man ဇာတ်လမ်းတွဲပြီးနောက် နိုဝင်ဘာ တွင် ရိုက်ကူးမည်ဖြစ်သည်။

ဆန်းယီဂျင်းပါဝင်သရုပ် ဆောင်ထားသော The Pirates အမည်ရ ရုပ်ရှင်ဇာတ်ကားကို သြ ဂုတ် ၆ ရက်တွင် စတင်ရုံတင်ခဲ့ သည်ဟု သိရသည်။

—Ref: Soompi

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...