Thursday, August 14, 2014

၄၁ လမ်း ကုန်စိမ်းဈေး ပုံမှန်အတိုင်း ညလုံးပေါက်ပြန်ဖွင့်

ပုံမှန်အတိုင်း ပြန်လည်ရောင်းချလာသည့် မန္တလေးမြို့ ၄၁ လမ်းကုန်စိမ်းဈေး (ဓာတ်ပုံ−ညီညီဇော်)

ညမထွက်ရအမိန့် ရုပ် သိမ်းပြီးနောက် မန္တလေးမြို့ ၄၁ လမ်း၊ ကုန်စိမ်းတန်းညဈေးကြီးပုံမှန်အတိုင်း ညလုံးပေါက်ပြန်လည်ဖွင့်လှစ်ရောင်းချနေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ် စဉ်များကြောင့် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ထုတ်ပြန်ခဲ့သဖြင့် ကုန် စိမ်းတန်းညဈေးမှာ ညဘက်ဈေး ရောင်းချခွင့်မရှိတော့ဘဲ နေ့ဘက် တွင်သာ ပြောင်းလဲရောင်းချခဲ့ရ သည်။ သြဂုတ် ၁၁ ရက်ညမှ စတင်ကာ ပုဒ်မ (၁၄၄) ပြန်လည် ရုပ်သိမ်းလိုက်သဖြင့် သြဂုတ် ၁၂ရက်ညမှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ရောင်းချနေကြောင်း ကုန်စိမ်းတန်းညဈေးမှ ဈေးသည် များကပြောသည်။

‘‘ပုဒ်မ(၁၄၄)ဖြုတ်တဲ့ညက တော့ တကယ်ဖြုတ်လား၊ မဖြုတ် လား ဇဝေဇ၀ါဖြစ်ကြတော့ နောက်တစ်ရက်ကျမှ ပြန်ဖွင့်ဖြစ် တာပါ။ ပုံမှန်အရင်တုန်းကလို မိုး လင်းအထိ ပြန်ဖွင့်နေပါပြီ’’ဟု ကုန်စိမ်းတန်းညဈေးမှ ဈေးအ ကျိုးဆောင် ဒုဥက္ကဋ္ဌ ဦးတင်ထွန်း က သြဂုတ် ၁၃ ရက်တွင် ပြော သည်။

သို့သော်ဈေးအတွင်းမှ ဆိုင် များ ပုံမှန်အတိုင်း ပြန်ဖွင့်နေ သော်လည်း ဈေးအပြင်ဘက်ရှိ ထမင်းဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှာ ည ၉ နာရီတွင် ပိတ်သိမ်း ရကြောင်း၊ စားသောက်ဆိုင်များ  ည ၉ နာရီပိတ်ရန် ညွှန်ကြားထား ခြင်းကြောင့် ပိတ်သိမ်းရခြင်းဖြစ် ကြောင်း ဈေးသည်များကပြော သည်။ ပုံမှန်အတိုင်းဈေးပြန်ဖွင့် သော်လည်း ဈေးဝယ်မှာ ယခင် အနေအထား၏ လေးပုံတစ်ပုံခန့် သာ လာရောက်ဝယ်ယူကြောင်း၊ ယခင်အနေအထားအတိုင်း ပြန် ဖြစ်ရန် အချိန်ယူရဦးမည်ဖြစ် ကြောင်း ဈေးသည်များကပြော သည်။

‘‘ဈေးဝယ်တွေက ဈေးမဖွင့် မှာစိုးရိမ်တယ်။ သူတို့လာလို့ ဈေး မဖွင့်ရင် အခက်တွေ့မှာစိုးလို့ အရင်လိုပဲ နေ့ခင်းနဲ့ ညနေပိုင်းကို လာဝယ်နေကြတုန်းပဲ’’ဟု ကုန် စိမ်းသည် ဦးမောင်မောင်သွင်က ပြောကြားသည်။

ကုန်စိမ်းတန်းရှိ ဈေးသည် များနှင့် တစ်ဆင့်ပြန်လည်ရောင်း ချရန် လာဝယ်သည့် ဈေးဝယ်များ မှာ ပုဒ်မ(၁၄၄) ထုတ်ပြန်ထားသည့်ကာလက အရောင်းအ၀ယ်ကျဆင်းခဲ့သဖြင့် အကြွေးတင်ခြင်း အပါအ၀င် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပုံမှန်အနေ အထားတိုင်းရောက်ရှိနိုင်ဦးမည် မဟုတ်ကြောင်း ဈေးသည်များက ပြောကြားသည်။ မန္တလေးမြို့ ကုန်စိမ်းတန်းညဈေးသို့ မန္တလေး ၀န်းကျင်မြို့များဖြစ်သော မတ္တ ရာ၊ စဥ့်ကူး၊ ပြင်ဦးလွင်၊ ကျောက် ဆည်၊ မြစ်သား၊ ပလိပ်၊ စဥ့်ကိုင်၊ စစ်ကိုင်းအစရှိသည့် မြို့များမှ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများက နေ့စဉ် လာရောက်ဝယ် ယူနေကြပြီး အထက်မြန်မာပြည် ၏ အကြီးဆုံးသော ကုန်စိမ်း လက်ကားဈေးကြီးဖြစ်သည်။

7Days

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...