အဆိုပါသင်တန်းကို ဟင်္သာတခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် SEED Asia Japan ၏ ဘဝသစ်နယ်လှည့် သဘာဝအန္တရာယ်လျော့ပါးရေး အသိပညာပေးအဖွဲ့ သင်တန်းဆရာများက ကျောင်းများတွင် ဘေးကင်းလုံခြုံမှု၊ တစ်ဦးချင်းဘေးကင်းလုံခြုံမှု၊ မိသားစုများ ဘေးကင်းလုံခြုံမှု၊ လူထုအဖွဲ့အစည်းများ ဘေးကင်းလုံခြုံစေရန် မီးလောင်ခြင်း၊ ဆိုင်ကလုန်း၊ ဆူနာမီ၊ မြေပြိုခြင်း၊ လေဆင်နှာမောင်း၊ လျှပ် စီးလက်ခြင်းနှင့်မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြပို့ချခဲ့သည်။ ယင်းသင်တန်းတွင် ဆရာ ဆရာမများ၊ မိဘ၊ ဆရာအသင်း အမှုဆောင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(မြင့်အောင်)

No comments:
Post a Comment