Thursday, August 28, 2014

သြစတြေးလျရှိ အကြီးဆုံး လေဆိပ်နှစ်ခု၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့နှစ်ဖွဲ့ ဖြန့်ကြက်

ကင်ဘာရာ သြဂုတ် ၂၇

သြစတြေးလျနိုင်ငံရှိ အကြီးဆုံးသော လေဆိပ်နှစ်ခု၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့သစ်နှစ်ဖွဲ့ကို ဖြန့်ကြက်ထားပြီးဖြစ် ကြောင်း၊
လေဆိပ်လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။

ဆစ်ဒနီနှင့် မဲလ်ဘုန်းမြို့တို့ရှိလေဆိပ်များ ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့များကို ဖြန့်ကြက်ထားကြောင်း၊ လုံခြုံရေးအရ စောင့် ကြည့်စာရင်းတွင် ပါဝင်သော ခရီးသည်များ ၏ လှုပ်ရှားသွားလာမှုများကို လေ့လာစောင့် ကြည့်နိုင်ရန် သြစတြေးလျနိုင်ငံရှိ လေဆိပ် များအားလုံးတွင် မကြာမီ အလားတူတပ်ဖွဲ့များ ကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်က ပြောကြားသည်။

သြစတြေးလျနိုင်ငံရှိ လေဆိပ်များအား လုံး၌ ခရီးသည်များကို လုံခြုံရေးစိစစ်ရာတွင် ဘိုင်အိုမက်ထရစ်စကရင်နည်းပညာအသုံးပြု သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေး အတွက် ဆောင်ရွက်ရန် အစီအစဉ်များကို ပါလီမန်က ခွင့်ပြုပေးသွားမည်ဟု မျှော်လင့် ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့သို့ သွား ရောက်ကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းမှ နိုင်ငံသားများကို ကာကွယ်နိုင်ရန် မိမိတို့ အစိုးရက ဦးစားပေးလုပ်ငန်းတစ်ရပ် အဖြစ် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြား သည်။

ရိုက်တာ။

No comments:

Post a Comment