Thursday, September 18, 2014

အဆိုတော် ချမ်းချမ်း လုပ်မယ့် စီးပွားရေး အကြောင်း


လာမည့်နှစ်တွင် H&C တံဆိပ် နှင့် အဝတ်အထည် ထုတ်လုပ်မည် ဖြစ် ကြောင်း အဆိုတော် ချမ်းချမ်းက ပြော သည်။
” H ဆိုတာက ကိုဘုန်းသိုက်၊ C က ချမ်းချမ်း ခေါ်ရတာလည်း လွယ် တယ်။ ဒါလေးပဲ သုံးဖြစ်မှာပါ။ လူကြီး တွေအတွက် အရင်ထုတ်ပြီး အဆင်ပြေ ရင် သမီးလေး နာမည်နဲ့ ပတ်သက်ပြီး တစ်ခုခု ထုတ်မှာပါ။ စီးပွားရေး လုပ် တယ် ဆိုတာက သမီးလေး အတွက် ရေရှည်မှာ သူ့ ပညာရေး၊ စားဝတ် နေရေး အတွက် အစ်မတို့က အနု ပညာ လုပ်အား တစ်ခုနဲ့ မလုံလောက်တော့ဘူး။ အပြင်မှာလည်း စီးပွားရေး တစ်ခု ရှိရ မယ်ဆိုပြီး ရှေ့နှစ် စအကောင် အထည် ဖော်မှာပါ” ဟု ချမ်းချမ်းက ပြောသည်။

ဆက်လက်ပြီး ချမ်းချမ်းက ”စီးပွား ရေးကို ဇောက်ချ လုပ်ပေမယ့် အနုပညာ ကိုလည်း လုပ်မှာပါ။ ပရိသတ်တွေ အတွက် လုပ်ဖြစ်မှာပါ။ အခု ဆိုင်ခန်း ရော၊ ဒီဇိုင်နာတွေ နဲ့ရော တိုင်ပင်ပြီး ရှေ့နှစ်မှာ အစ်မဘက်က ကတ်စတမ်မာတွေကို ပေးနိုင်မယ့် ဝန်ဆောင်မှုကို အခုကတည်းက ကြိုတင် ပြင်ဆင်နေတဲ့ သဘောပါ” ဟု ၄င်းက ပြော သည်။

ချမ်းချမ်း က လတ်တလောမှာ တစ်ကိုယ်တော်ခွေ MTV ရိုက်ကူးမှု ဘက်မှာ အားစိုက်သလို စီးပွားရေး လုပ်ငန်း အတွက်လည်း လုပ်ဆောင်နေ ကြောင်း ၄င်းထံမှ သိရ သည်။

Popular Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...