Thursday, September 18, 2014

ကြိုးစားထားသလောက် ထုတ်ပြမယ့် ၀ိုင်းလေး


Miss World Myanmar 2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ၀ိုင်းလေးက ဂီတဘက်တွင်လည်း အားမလျော့အောင် လုပ်ဆောင် နေကြောင်း တစ်ကိုယ်တော် အခွေလည်းထုတ်သွား မည် ဖြစ်ကြောင်း ပြောသည်။
တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ ကတော့ သွင်းပြီးသွားပြီ ပေါ့နော်။ အခု လက်ရှိပြိုင်မယ့် Miss World ပွဲကိုလည်း အကောင်းဆုံး လုပ်မယ်။ အဲဒါပြီးရင် ရခဲ့သည် ရှိသော်၊ မရခဲ့သည် ရှိသော် ၀ိုင်လေး ဂီတဘက်မှာလည်း အားမလျော့ သွားအောင် ၀ိုင်းလေးရဲ့ တစ်ကိုယ်တော် အခွေကို ပြင်ဆင်ထား ပါတယ်။ ပထမအခွေဖြစ်တဲ့ Group ခွေလေး ထွက်တုန်းက ၀ိုင်းလေးတို့ အိပ်မက်ဆုံရာကနေ ထွက်ထွက်ခြင်း လုပ်လိုက်ရတယ်။ပရိသတ် ကိုလည်း အတတ်နိုင်ဆုံး ပြောပြခဲ့တယ်။ သို့သော်ငြားလည်း လက်လှမ်းမမီတဲ့ ပရိသတ်တွေလည်းရှိ သေးတယ်။ ၀ိုင်းလေးတို့ မကြိုးစားနိုင်ခဲ့ဘူး။ အဲဒါကြောင့် ရှေ့က ခွေလိုမျိုး ထပ်မဖြစ်အောင် ၀ိုင်းလေးက ၀ိုင်းလေးရဲ့ တစ်ကိုယ်တော် အခွေမှာ အားထည့်ထားတယ်။ အသံပိုင်း ဆိုင်ရာရော၊ သီချင်း ဆိုမှု အပိုင်းရော အားလုံးကို သေချာလေးလုပ် ထားတယ်။ ၀ိုင်းလေးရဲ့တစ်ကိုယ်တော် အခွေ ထွက်လာရင် ပရိသတ်ကသိမှာပါ။ ၀ိုင်းလေး ဘယ်လောက် ထိကြိုးစားထားလဲ။ ဘယ်လောက်ထိ တိုးတက်လာမလဲ ဆိုတာ မြင်ရမှာပေါ့နော်။ ဒီတစ်ကိုယ်တော် ခွေလေးထဲမှာ ၀ိုင်းလေး ကိုယ်တိုင်ရေးထားတဲ့ သီချင်းတစ်ဝက် လောက်ပါတယ်။ ကိုယ်ပိုင်သံစဉ် တွေပါပဲ။ ၀ိုင်းလေး ရွေးထားတဲ့ သီချင်းအပုဒ် (၂၀) ထဲက အကောင်းဆုံး (၁၄) ပုဒ်ကို ရွေးပြီးတော့မှ ထုတ်မှာပါ ဟု ၀ိုင်းလေးက ပြောသည်။ ၀ိုင်းလေးက တစ်ကိုယ်တော် အခွေတွင် ကိုယ်ပိုင်သံစဉ် သီချင်းများ ပါဝင်ပြီး R&B၊ POP နှင့် Dance ပုံစံများလည်း ပါဝင်ကြောင်း ပြောသည်။

messenger

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...