Thursday, September 18, 2014

သရုပ်ဆောင်အဖြစ် ရပ်တည်သွားဖို့မရှိဘဲ အလှဓာတ်ပုံများသာ ရိုက်ကူး သွားမယ့် အလှမယ် အိန္ဒြာသီရိကို

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တာလျန့်မြို့မှာ ကျင်းပတဲ့ (၁ဝ)ကြိမ်မြောက် အာဆီယံ-တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲမှာ သရဖူဆုကို ဆွတ် ခူးရရှိခဲ့တဲ့ အလှမယ် အိန္ဒြာသီရိကို ရဲ့ ဂုဏ်ပြုပွဲကို စက်တင်ဘာ ၆ ရက်နေ့ ညနေ၆ နာရီ က အင်းယားလမ်းရှိ Royal Thazin စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ အိန္ဒြာသီရိကို ကို ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မိတ်ဆွေသူငယ်ချင်းများက တက်ရောက်ဂုဏ်ပြုခဲ့ကြပါ တယ်။ ဒီဂုဏ်ပြုပွဲနဲ့ ပတ်သက်ပြီး အလှမယ် အိန္ဒြာသီရိကို က “ညီမ ဆုရရှိပြီး ပြန်လာတော့ ညီမကို သွားပြိုင်ဖို့ စေလွှတ်တဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ရယ်၊ မီဒီယာတွေရယ်၊ ညီမကို ပံ့ပိုးပေးတဲ့ အသိမိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒီပွဲလေးလုပ်ဖြစ်တာပါ။ ဆုအနေနဲ့က Smart ဖုန်းရယ်၊ သူတို့ဆီက ပုလဲဆွဲကြိုးတွေပေးပါတယ်။ အရင်နှစ်ကတည်းက ဆုကြေးအနေနဲ့ ပေးလေ့ပေးထ မရှိပါဘူး။ ကျန်တဲ့လက်ဆောင် ပစ္စည်းတွေလည်း ပေးပါတယ်။

ညီမ အနေနဲ့ကတော့ Miss ဖြစ်သွားပြီးတော့ အနုပညာ လမ်းကြောင်းပေါ် ရောက်သွားပြီး အနုပညာ အလုပ်တွေကို လုပ်သွားတာမျိုးမရှိပါဘူး။ အခုလိုမျိုး နိုင်ငံတော်က တာဝန်ပေးတာမျိုးဆို လုပ်ဖြစ်မှာပါ” လို့ ပြောပါတယ်။ အနုပညာ လောကမှာ သရုပ်ဆောင်အဖြစ် ရပ်တည်သွားဖို့မရှိဘဲ အလှဓာတ်ပုံများသာ ရိုက်ကူးတာမျိုး လုပ်ဖြစ်မှာဖြစ်ကြောင်း အိန္ဒြာသီရိကို က ပြောပါတယ်။

Myanmar News Media

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...