Monday, September 29, 2014

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဘာသာရေးသင်းအုပ်ဆရာများအား KIA အဖွဲ့ အသုံးချနေ


စက်တင်ဘာ ၂၉ ရက် ၊၂၀၁၄ ခုနှစ်

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် KIO/KIA အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နိုင်ငံတော် အစိုးရမှ ဖမ်းဆီးအရေးယူမှုများအပေါ် မကျေနပ်၍ စက်တင်ဘာ ၂၆ ရက်နေ့မှစကာ ဘာသာရေးသင်းအုပ် ဆရာများအား KIA အဖွဲ့မှ အသုံးချပြီး မူယစ်ဆေးဝါးဖမ်းဆီးမှု လုပ်ဆောင်ခိုင်းနေကြောင်း သတင်းရရှိသည်။
``ကချင်နှစ်ခြင်း အသင်တော်ကနေ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဆိုတာ ရှိတယ်၊ ဒေသခံ တွေကို မူးယစ်ဆေးကင်းစင်အောင် ကုသပေးနေတဲ့အဖွဲ့ပေါ့၊ အခုအဲဒီအဖွဲ့ကို KIA က မူးယစ်ဆေးဝါးကိစ္စတွေ မှာ အသုံးချနေတယ်လို့ ကြားတယ်´´ ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖားကန့်ဒေသအတွင်း ဘာသာရေးသင်းအုပ်/သင်းထောက်ဆရာများအား စည်းရုံး၍ မူးယစ်ဆေးဝါး နှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများအား စောင့်ကြည့်လေ့လာခိုင်းကြောင်း သိရသည်။

``မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို စောင့်ကြည့်ပြီး ဖမ်းခိုင်းတာပါ၊ သိက္ခာကျ အောင် လုပ်တဲ့သဘောပေါ့၊ သင်းအုပ်ဆရာတွေကတော့ မလုပ်ချင်ဘူး၊ ဒါပေမယ့် KIA က ဖိအားပေးရင်တော့ မလွှဲမရှောင်သာ လုပ်ရမယ်ထင်တယ်´´ ဟု သင်းအုပ်ဆရာများနှင့် နီးစပ်သော ဒေသခံ တစ်ဦးက ပြောသည်။

KIA အဖွဲ့အနေဖြင့် အခြားတိုင်းရင်းသားများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်း များပြုလုပ်ရန်နှင့် ကချင်လူမျိုးများ၌ မူးယစ်ဆေးဝါးတွေ့ရှိပါက ပညာပေးပြန်လွှတ်ပြီး မူးယစ်ဆေးဝါး များအား ဖျက်ဆီးပစ်ရန် မှာကြားထားကြောင်း သိရှိရပါသည်။

ဇော်မိုင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...