Saturday, October 18, 2014

ပွဲကစားနေစဉ် ယူအေအီးအသင်း ဂိုးဧရိယာရှေ့ ခွေး ဝင်ရောက်သေးပေါက်၊ ပရိသတ်များပွဲကျ





ြ မြန်မာယူ-၁၉ အသင်းနှင့် ယူအေအီး ယူ-၁၉အသင်းတို့ ဒုတိယပိုင်း ယှဉ်ပြိုင်ကစားနေစဉ်အတွင်း သုဝဏ္ဏကွင်းအတွင်းရှိ ယူအေအီးအသင်း ဂိုး ဧရိယာအရှေ့တွင် ခွေးသေးပေါက်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို မြန်မာအသင်းမှ ယူ အေအီးအသင်းဘက်ကို ဒုတိယပိုင်း ၅၂ မိနစ်တွင် အနိုင်ဂိုးသွင်းပြီးနောက် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ယင်းခွေးသည် ရိုးရိုးတန်းပွဲ ကြည့်စင်တောင်ဘက်အခြမ်းမှ ဝင်ရောက်လာ ခြင်းဖြစ်ပြီး ပွဲကစားနေစဉ်အတွင်း မြန်မာ ပရိသတ်များ တစ်ခဲနက်အားပေးမှုကို ကြောက်ရွံ့ကာ အထူးတန်းရှေ့မှဖြတ်ပြေးပြီး ယူအေအီးဂိုးဧရိယာရှေ့တွင် သေးပေါက်ခဲ့ ကာ ခေတ္တနားနေခဲ့ပြီး ပြန်လည်ထွက်ပြေး သွားခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့မှုကို ကွင်းအတွင်း လာရောက်အားပေးနေသည့် ပရိသတ် ၂၉ဝဝဝ ကျော်နှင့် မီဒီယာများ အံ့သြမှင်တက်မိခဲ့ကြပြီး ပြိုင်ဘက် အသင်းဂိုးသမားမှာလဲ ကြောက်ရွံ့ ခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။


ရန်ကုန်၊ အောက်တိုဘာ ၁၇
NTL
‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...