Saturday, October 18, 2014

လျှပ်စစ်မီးအလင်းရောင်နှင့် ဓာတ်မတည့်သူ



ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားဟာ လျှပ်စစ်မီး အလင်းရောင်နဲ့ ဓာတ်မတည့် တဲ့ ရောဂါ ဝေဒနာကို ခံစားနေရ ပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်မီး အလင်းရောင် ရလိုက်ရင် ခန္ဓာကိုယ် အရည်အပြားအပြင် ခေါင်းကိုက်ခြင်းတို့ ကဲ့သို့သော အတွင်းဝေဒနာကိုပါ ခံစားနေရ ပါတယ်။

အသက် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ Peter Lloyd ဟာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး ကိုယ်ကာယ ကလေးကျင့်ရေး အားကစား နည်းပြ တစ်ဦး ဖြစ်ခဲ့ ပါတယ်။ စပိန်နိုင်ငံမှာ နေထိုင်စဉ် လျှပ်စစ်ပစ္စည်းများနဲ့ အချိန်အတော်ကြာ ထိတွေ့ရပြီး ကွန်ပြူတာသုံးခြင်း၊ စာဖတ်ခြင်းတို့ကနေ ယင်း ရောဂါ ဝေဒနာကို စတင် ခံစားမိလာတာ ဖြစ်ပါတယ်။ အဲ့တုန်းက သူဟာ အသက် ၂၀ပဲ ရှိပါသေးတယ်။ ဒီတော့ သူဟာ ရောဂါ ဝေဒနာ ခံစားနေရတာ နှစ် ၂၀ ကျော်ပါပြီ။ ဒီအတွက်လည်း ဆေးဝါးရှာဖွေပေးလို့ မရ သေး ပါဘူး။

ထူးခြားချက်က လျှပ်စစ်ဓာတ်အားတင် မဟုတ်ပဲ သံလိုက်စက်ကွင်းကိုပါ မခံနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူဟာ အိပ်ခန်းထဲမှာပဲ အချိန်ပြည့်နေပါတယ်။ အပြင်လုံးဝ မထွက်ပါဘူး။ မီးတွေလည်း ပိတ်ထားရပြီး သူ့အခန်း ဝင်လည်ရင် ဖုန်းတွေ ထားခဲ့ရမှာ ဖြစ်ပါတယ်။ သူ့ကို ပုံရိုက်တာတောင် အလင်းရောင် မထွက်တဲ့ Disposal camera နဲ့ သာ ရိုက်ထားခြင်း ဖြစ်ပါတယ်။ အပြင်မှာ Wi-Fi နဲ့ ဖုန်းလိုင်းများကြောင့်လည်း နေ့ရော ညပါ အတွင်းခန်းထဲသာ နေထိုင်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Loyd ခံစားနေရတဲ့ ဝေဒနာကို ကယ်တင် ကုသ ပေးဖို့ အဖြေရှာဖွေ လျက် ရှိကြကြောင်း သိရပါတယ်။

Ref: Metro
အောင်ခမ်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...