ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ‘လူကြမ်းတစ်ယောက်၏ ဒိုင်ယာရီ’ ဇာတ်ကားတွင် ခရစ်ယာန် ဘာသာဝင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည် ဖြစ်သောကြောင့် ဇာတ်ရုပ်ပီပြင်ရန် ဘုရားကျောင်းများသို့ သွား၍လေ့လာ ဖြစ်ကြောင်း ထားထက်ထက် က ပြောသည်။‘‘ကိုယ်က ဗုဒ္ဓဘာသာဖြစ်တယ်။ ခရစ်ယာန် မဟုတ်တဲ့ အခါကျတော့ ခရစ်ယာန် ဘုရားကျောင်းတွေအထိ သွားပြီးလေ့လာဖြစ်တယ်’’ ဟု ၎င်းကပြောသည်။
ယင်းဇာတ်ကားတွင် လူမင်း၏ သမီးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ၎င်းအတွက် ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သည့်အပြင် ဇာတ်ရုပ်အရ ထူးခြားသော ကြောင့် ယင်းရုပ်ရှင်တွင် ပါဝင်ရိုက်ကူးရမည် ဆိုသည့်အချိန်ကတည်းက ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။
ရုပ်ရှင်ကို အောက်တိုဘာ ၁၉ ရက်တွင် စတင်ရိုက်ကူး ရမည်ဖြစ်ပြီး သရုပ် ဆောင်နှင့်ပတ်သက်၍ အတွေ့အကြုံ နည်းသေးသော်လည်း အတတ်နိုင်ဆုံး ကြိုးစား၍ သရုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းတွင် KBS ရုပ်သံနှင့် MRTV တို့ ပူးပေါင်းရိုက်ကူးသည့် အာဆီယံ ပရိုဂရမ်တွင် အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ရိုက်ကူးလျက်ရှိပြီး ယင်းအစီ အစဉ်အတွက် ပုဂံနှင့် နေပြည်တော်သို့လည်း သွားရောက်ရိုက်ကူးရန် အစီအစဉ် ရှိကြောင်းပြောသည်။
Myanmar News Media

No comments:
Post a Comment