ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်နဲ့ ရာဇ၀တ်မှုခင်းဆိုင်ရာ ပညာပေးရိုက်ကူးထားတဲ့ ဇာတ်ကားလေးအကြောင်း ညွှန်းပေးလိုက်ပါတယ်။မင်းခက အောင်မြင်နေတဲ့ လူငယ်စာရေးဆရာတစ်ယောက်ပါ။ မင်းခက ဟန်ဆောင်တာကို မကြိုက်ပေမယ့် သူတကယ်ချစ်တဲ့ ကောင်မလေးနဲ့ ဆုံတွေ့တဲ့အချိန်မှာတော့ မာယာများတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။
အဲဒီကောင်မလေးရဲ့ နာမည်က ဇူးဇူးပါ။ ဇူးဇူးဘ၀က အရမ်းကြမ်းပါတယ်။ အတူနေတဲ့ ပထွေးရဲ့ ရန်ကိုရှောင်ရင်း အိမ်ကထွက်ပြေးလာလို့ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် သူငယ်ချင်းတွေနဲ့ ပြန်တွေ့လို့ သူတို့အလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာပဲ သီချင်းဆိုဖြစ်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ဇူးဇူးသီချင်းဆိုတာကို သဘောကျပြီး ပန်းကုံးဆုချတဲ့ လူတစ်ယောက်က ဇူးဇူးကို ဘီယာမူးအောင်တိုက်ပြီး ဇူးဇူးရဲ့ ဘ၀ကို ဖျက်ဆီးခဲ့ပါတယ်။ဘ၀ပျက်ခဲ့တာကြောင့် ဇူးဇူးက သူ့ကိုယ်သူ သတ်သေဖို့ ရေကန် ထဲကို ခုန်ချခဲ့ပါတယ်။ အဲဒီမှာပဲ မင်းခနဲ့ စပြီးဆုံတွေ့ခဲ့ပါတယ်။
မင်းခက ဇူးဇူးကို ကယ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတာ က ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း မဟုတ်ဘူးလို့ ပြောခဲ့ပါ တယ်။
အဲဒီနောက်မှာတော့ မင်းခ ပိုက်ဆံအိတ်ထွက်ကျတာကို ဇူးဇူးကောက်ရတာကြောင့် ပြန်ပေး ရင်း ထပ်ဆုံခဲ့ပါတယ်။ ပိုက်ဆံ အိတ်ကောက်ရပြီး ဇူးဇူးက မင်းခ ကို စာရေးဆရာမှန်းသိသွားခဲ့သ လို သူ့အသိထဲမှာ စာရေးဆရာ မိတ်ဆွေမရှိတာကြောင့် မင်းခနဲ့ အပေါင်းအသင်းဖြစ်ချင်တယ်လို့ ပြောခဲ့ ပါတယ်။
အဲဒီလိုနဲ့ ရင်းနှီးလာပြီး ဇူးဇူး နဲ့ မင်းခချစ်သူတွေ ဖြစ်လာခဲ့ပါ တယ်။ ဒါက လူငယ်အချစ်ဇာတ် လမ်းလေးပဲ ရှိပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘာတွေဆက်ဖြစ်မှာလဲ။ ဇူးဇူးရဲ့ ဘ၀နောက်ကြောင်းတွေ သိတဲ့အချိန်မှာရော ဘာတွေဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ မာန်ထက်ချီ ထုတ်လုပ်ရေး ကနေ အောက်တိုဘာ ၂၁ ရက်မှာ စတင်ဖြန့်ချိပေး မယ့် အထာဆိုတဲ့ ဇာတ်ကားလေး မှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ မင်းခအဖြစ် ဟိန်းဝေယံ၊ ဇူးဇူးအဖြစ် အေးမြတ် သူတို့က အဓိက ပါဝင်သရုပ် ဆောင်ထား ပါတယ်။ လင်းညှို့ သွေးရဲ့ ၀တ္ထုကို မြတ်လှိုင်း (ကဗျာ)က ဇာတ်ညွှန်းရေးပေးထားတာ ဖြစ်ပြီး ဒါရိုက်တာ သျှိုကြီးက ရိုက် ကူးပုံဖော်ထားပါတယ်။

No comments:
Post a Comment