
ပြီးခဲ့သည့် အင်္ဂါနေ့ မနက်က ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းရှိ ဒန်နယ်လွန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်ခဲ့သော ကားပျံတစ်စီးသည် ပျက်ကျပြီး မီးလောင်ခဲ့သောကြောင့် လူနှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ရဲများက ပြောကြားခဲ့သည်။
၎င်းကိစ္စဖြင့် ပက်သက်၍ NTSB (National Transportation Safety Board) နှင့် FAA (Federal Aviation Administration) အဖွဲ့အစည်းများက ယခုကားကို လေယာဉ်အဖြစ် အသိအမှတ်မပြုသောကြောင့် ၎င်းတို့တွင် တာဝန်မရှိကြောင်း မာရီယွန်ကောင်တီရှိ ရဲအရာရှိရုံးမှ ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အဆိုပါ ကားပျံတွင် FAA ၌ မှတ်ပုံတင်ထားသည့် နံပါတ်ရှိကြောင်း သိရသည်။ Maverick ဟု အမည်ရသော ကားပျံကို Indigenous Peoples ၏ အကျိုးအမြတ်မရယူသည့်အဖွဲ့ဖြစ်သော Technology and Education Center မှ ဖန်တီးခဲ့ကာ ဒေါ်လာ ၉၄,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၎င်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ဆင်းရဲချို့တဲ့နေသည့် လူများ လိုအပ်နေသော နေရာများတွင် နည်းပညာများနှင့် tool များ ထောက်ပံ့သွားရန် ဖြစ်သည်။ Maverick ကိုတီထွင်သူများအနက်မှ တစ်ဦးဖြစ်သူ ထရိုင်တောင်ဆန်က လေထီး အကူအညီဖြင့် ပျံသန်းနိုင်သော ကားကို လွန်ခဲ့သည့် ရက်သတ္တပတ်က YouTube တွင် စမ်းသပ်ပြသခဲ့ဖူးသည်။
ယခု Maverick ကားပျက်ကျမှုသည် ပထမဦးဆုံး မဟုတ်ဘဲ ကနေဒါရှိ ဗြိတိန်ကိုလံဘီယာ ပြည်နယ် ဗာနွန်မြို့၏ အခြေခံမူလတန်းကျောင်းတွင် စမ်းသပ်မောင်းနှင်ခဲ့သော Maverick ကားပျံသည်လည်း ပြီးခဲ့သည့်နှစ် မေလက ပျက်ကျခဲ့ဖူးကြောင်း သိရသည်။
Ref: CNET
No comments:
Post a Comment