Thursday, October 23, 2014

IS အဖွဲ့နှင့် ပူးပေါင်းရန် တူရကီ နိုင်ငံသို့ ထွက်ခွာလာသော အမေရိကန် မိန်းကလေး သုံးဦးကို ဂျာမနီ အာဏာပိုင်များ ဖမ်းဆီး



IS စစ်သွေးကြွများနှင့် ပူးပေါင်းရန် တူရကီ နိုင်ငံသို့ ထွက်ခွာလာသော အမေရိကန် နိုင်ငံသား
 မိန်းကလေး သုံးဦးကို

ဂျာမနီနိုင်ငံ ဖရန့်ခ်ဖတ် လေဆိပ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း ဂျာမနီ အစိုးရက ပြော ကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဗားမြို့မှ အဆိုပါ မိန်းကလေးငယ် သုံးဦးသည် လွန်ခဲ့သော ရက်သတ္တပတ် ကတည်းက ပျောက်ဆုံး သွားခဲ့ကြောင်း ရိုက်တာ သတင်းဌာနမှ ထုတ်ပြန်ခဲ့ သည်။

အဆိုပါ မိန်းကလေး သုံးဦးအနက် နှစ်ဦးသည် ဆိုမာလီ မျိုးနွယ်ဖွားများ ဖြစ်ပြီး အခြားတစ်ဦးမှာ ဆူဒန် မျိုးနွယ်ဖွား ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ မိန်းကလေးများသည် အသက်အရွယ် အားဖြင့် ၁၅ နှစ်နှင့် ၁၇ နှစ်ကြားဟု ယူဆရကြောင်းနှင့် ၎င်းတို့အား ဂျာမနီ အာဏာပိုင်များက အောက်တိုဘာ ၁၉ ရက်တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

Thursday, October 23, 2014
ြ မြ၀တီ

No comments:

Post a Comment