ရန်ကုန်မြို့တော် သိမ်ဖြူအားကစားရုံမျာ ဒီကနေ့ကျင်းပတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့သမား စိုးလင်းဦးက ထိုင်းလက်ဝှေ့သမား ပတ်ဆန်ဂွန်(မွေထိုင်းချန်ပီယံ) ကို ပထမအချီမှာပဲ အနိုင်ရရှိခဲ့ ပါတယ်။ပထမဆုံး တွေ့ဆုံ ထိုးသတ်တဲ့ စိန်ခေါ်ပွဲဖြစ်လို့ ကစားသမား နှစ်ဦးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ပထမအချီမှာပဲ ထိုင်းကစားသမားရဲ့ ပတ်ခြေကန်ချက်ကြောင့် စိုးလင်းဦး အနားတောင်းခဲ့ရပါတယ်။
အသည်းမာတဲ့ လက်ဝှေ့သမားဆိုပြီး ပရိသတ် အခိုင်အမာရှိထားတဲ့ စိုးလင်းဦးကို ထိုင်းကစားသမားက ဖိအားပေးထိုး သတ်နိုင်ခဲ့ပေမယ့် လက်နာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမအချီ အပြီးမှာပဲ ထိုင်းကစားသမားက ကြိုးဝိုင်းအတွင်းကနေ ဆင်းသွားပါတယ်။ ပြိုင်ပွဲ စည်းကမ်းအရ စိုးလင်းဦးကို ခုံဒိုင်ချုပ်က အနိုင်ပေးခဲ့ရပါတယ်။
အောက်တိုဘာလ ၁၂ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ-ထိုင်း ငါးချီ စိန်ခေါ်ပွဲတွေက ပရိသတ်အကြိုက်ဆုံးနဲ့ အပြင်းထန်ဆုံး ပြိုင်ပွဲမှာ ရွှေခါးပတ်ချန်ပီယံနဲ့ ဒဂုံရွှေအောင်လံ ဆုရှင် သတ္တိအောင် (ဒို့ရိုးရာ)နဲ့ သီတီပတ်ခ်ျ(ထိုင်း) တို့ ယှဉ်ပြိုင်တဲ့ ပွဲဖြစ်ပါတယ်။

0 comments:
Post a Comment