
ကိုပါကြီး(ခ)အောင်နိုင် သေဆုံးခဲ့မူနဲ့ ပါတ်သတ်ပြီး ဖြစ်ရပ်မှန်ကို ဂျာနယ်မှာ အမှန်အတိုင်း ရေးသားထားခဲ့ ပါတယ် ။ဒါပေမဲ့ Social Network တွေမှာ သတင်းထောက်ပြန်လွတ်ပေးရေး ကြွေးကြော် သံ တွေ တဖြည်းဖြည်း အသံကျယ်နေဆဲဖြစ်ပါတယ် ။နောက်ပိုင်းမှာ တဖြည်းဖြည်း အရောင်းပြောင်လဲလာပြီ အကြမ်းဖက်မူကို ဦးတည်ကာ အမှန်တရားထက် မုန်းတီးမူကို ဖြစ်ပွားအောင်ဖန်တီးလာကြပါတယ်။
ထူးခြားတာက အစိုးရ အပေါ် အစိုးမြင်ဝါဒီများ အများစုဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီထဲမှာ မြန်မာ့ဘောလုံးအသင်း ယူ - ၁၉ ကန်တုန်းက မြန်မာတစ်မျိုးသားလုံးရဲ့ မျိုးချစ်စိတ်နဲ့  အားပေးမုတွေကို အမြဲ ကန့် လန့် တိုက်ပြီး ဘုပြောခဲ့တဲ့ သြဇီမှာနေတဲ့ ဘုန်းကျော် ဆိုတဲ့ သူတစ်ယောက်ကိုပါ တွေ့ ရှိရပါတယ် ။

အစွန်းရောက်သမားတွေရဲ့ အစိမ်းရောင်ဝတ်တွေ အပေါ် ကိုယ်ကျိုးအတွက် ချနင်းချိန်မှာလဲ
သတင်းအမှန်နဲ့  ဖြစ်စဉ်ကို သိချင်နေတဲ့ သူတွေကလည်း အများကြီးရှိနေပါတယ်။ အမှန်တရားဆိုတာ မပြောက်သွား ဖုးဆိုသလို ကိုပါကြီး (ခ)အောင်နိုင် ရဲ့ ဖြစ်စဉ်အမှန်တွေ ဟာလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပါတယ် ။
ကိုပါကြီး (ခ)အောင်နိုင် သေဆုံးသူဟာ DKBA ကနေ ထုတ်ပယ်ပြီး ထွက်ပြေးနေရတဲ့ စောဆန်းအောင် (KKO အဖွဲ့ ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဖြစ်နေပါတယ်။ ကိုပါကြီးအမျိုးသမီး အတွက်၊ကျန်ရစ်မိသားစုဝင်တွေ အတွက် စာနာမိပါတယ် ။ဒါပေမဲ့ နိုင်ငံရေးအမြတ်ထုတ် တိုင်းပြည်ဆူပူ အုံကြွအောင် ဖန်တီးချင်တဲ့သူတွေ အတွက် စောဆန်းအောင်ဆိုတာ ဘာလဲ အခု ဘယ်ရောက်နေလဲ ၊ ကိုယ့်အမျိုးသားပါကြီး(ခ)အောင်နိုင်က ဘာလဲဆိုတာတော့ သိစေချင်ပါတယ်။
နိုင်ငံရေးသမားလိုလို ဒေါ်စုနောက်မှာလည်း သူ့ ပုံတွေ တွေ့ ရပါလိမ့်မယ် ၊ သတင်းထောက်လိုလို
ကင်မရာနဲ့ လွယ်ထားတာလေးတွေလည်း သင်တွေ့ ရပါလိမ့်မယ်။အဲ့ချိန်မှာ သတင်းထောက် တစ်ယောက်ကို ရက်ရက်စက်စက်လုပ် လိုက်လေချင်းလို့ တွေးမိလိမ့်မယ် ။ ဒါပေမဲ့ သေနတ်ကိုင် ထားတယ်ပုံ ကို တွေ့ ရင်တော့ သင့်အမြင်ရှင်းသွားပါလိမ့်မယ်။
စစ်မြေပြင်မှာ ရန်သူကိုမြောက်ပေးတဲ့သူ ၊ရန်သူ ကို အားပေးတဲ့သူတွေဟာ ဘယ်လို ဥပဒေတရားစီရင်ပိုင်ခွင့်တွေရှိလည်း ဆိုတာ ကိုလည်း သိထားသင့်ပါတယ်။ဒီဥပဒေတွေကို မသိဖူးထား တာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သား အနေနဲ့  မိမိအသက်ကို ရန်ရှာလာနိုင်တဲ့တိုက်ခိုက်မူများ ကိုတော့ ခုခံကာကွယ်နိုင်ပါတယ်။ ကျန်ရစ်မိသားစုတွေအတွက် စိတ်မကောင်းပါဖူး သတ္တဝါတစ်ခု ကံတစ်ခုပေမို့ ကောင်းရာသုဂတိလားပါစေ ကိုပါကြီး(ခ)အောင်နိုင် ။
စစ်နိုင်
0 comments:
Post a Comment